Connect with us

Hi, what are you looking for?

News

မြို့နယ်လေးခုတွင် စစ်​ကောင်စီပစ်မှတ်များကို တိုက်ခိုက်ခဲ့​ကြောင်းရန်ကုန်စစ်ဒေသခွဲထုတ်ပြန်

စစ်ကောင်စီတပ်အား စစ်ရေးအရတုန့်ပြန်မှုအနေဖြင့် ပျံလွှားအောင်စစ်ဆင်ရေး၏အစိတ် အပိုင်းများအဖြစ် မြို့နယ်လေးခုတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၃) ထုတ်ပြန်သည်။

■စစ်ကောင်စီဘက်မှ ၅ ဦးသေ၊ အများအပြားဒဏ်ရာရ

အဆိုပါ တိုက်ခိုက်မှုများကို လမ်းမတော်၊ လှိုင်၊ သဃ်န်းကျွန်းနှင့် ရွေပြည်သာမြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

လမ်းမတော်

လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ရွာသစ်ချောင်းလမ်းရှိ ကားလိုင်စင်ရုံးအနီး နေရာယူထားသည့် စစ်ကောင်စီတပ်များကို ဒီဇင်ဘာ ၃၀ ရက်နေ့ည ၇ နာရီခွဲခန့်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Black Eagle Ranger (BER)က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

လှိုင်

လှိုင်မြို့နယ်၊ ရွာမကွေ့သို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်လှည့်ကင်းကားကို ယမန်​နေ့ (ဇန်နဝါရီ ၂)နံနက် ၂ နာရီခွဲခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ FAW ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။

သင်္ဃန်းကျွန်း

သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ရုံးဝန်း တပ်စွဲထားသေ စစ်ကောင်စီတပ်ဖွဲ့များကို ယမန်နေ့ (ဇန်နဝါရီ ၂)နံနက် ၇ နာရီခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် MDF Yangon တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရန်သူစစ်သားတစ်ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ရွှေပြည်သာ

အလားတူ ရွှေပြည်သာမြို့နယ်၊ ၁၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသောစစ်ကောင်စီတပ်များကို ယမန်နေ့(ဇန်နဝါရီ ၂)ည ၇ နာရီခန့်တွင် လက်လုပ်ဗုံးများ၊ သေနတ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင်​လေး ဦးသေဆုံးပြီး ရန်သူစစ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

Facebook