Connect with us

Hi, what are you looking for?

News

Wave Money ရှယ်ယာများကို တယ်လီ​နောက ရိုးမထံ ​ရောင်းချ

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဝန်ဆောင်မှု​ပေးသူများအား စစ်ဖက်ဆိုင်ရာထောက်လှန်းရေးများက အလွန်အကျူးစောင့်ကြည့်နေမှုများကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟုလည်း ဆိုထားသည်။

နော်ဝေဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် တယ်လီနောက မြန်မာနိုင်ငံတွင် အကြီးဆုံးမိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုတစ်ခုဖြစ်သည့် Wave Money၏ ရှယ်ယာများကို စင်ကာပူနိုင်ငံစာရင်းဝင် Yoma Strategic Holdingsထံ ရောင်းချရန် သဘောတူညီခဲ့သည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဝန်ဆောင်မှု​ပေးသူများအား စစ်ဖက်ဆိုင်ရာထောက်လှန်းရေးများက အလွန်အကျူးစောင့်ကြည့်နေမှုများကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟုလည်း ဆိုထားသည်။

တယ်လီနောက ၎င်းတို့ပိုင်ဆိုင်သည့် Wave Money ၏ ရှယ်ယာ၅၁ ရာခိုင်နှုန်းကိုကို ဒေါ်လာ၁၀၄ သန်းဖြင့်ရောင်းချခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း အပြီး သတ်ရန် စီစဉ်ထားသည်။

Yoma Strategic Holdings ကလည်း Wave Money၏ အဓိက ရှယ်ယာတစ်ဦးလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် Wave Moneyလုပ်ငန်းတွင် ရင်းနှီးမြှပ်နှံမူများနှင့် သုံးဆွဲသူများကြား ယုံကြည်မှုပြိုလဲသွားခဲ့ရသည်ဟု ဂျပန်သတင်းစာက ဆိုထားသည်။ သုံးဆွဲသူများအတွက် ဝန်ဆောင်မှုများကိုလည်း အကြီးအကျယ် စောင့်ကြည့်ခံနေရသည်ဟုလည်း ဆိုသည်။

ထိုရောင်းချမှုပြီးစီးပါက ဦးသိမ်းဝေပိုင်ဆိုင်ထားသည့် Yoma ကုမ္ပဏီအုပ်စုသည် Wave Money၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်လာမည်ဖြစ်သည်။ ကျန် ၂၅ ရာခိုင်နှုန်းကလည်း Yoma ကုမ္ပဏီအုပ်စုက ရှယ်ယာပိုင်သည့် လုပ်ငန်းများက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

အဆိုပါရောင်းချမှုကို ၂၀၂၀နှစ်လယ်ကတည်းကပင် သဘောတူညီမူရရှိခဲ့ထားခြင်းဖြစ်သည်ဟုလည်းဆိုပြီး တယ်လီနောဘက်က အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပေ။

Wave Moneyသည် ဘေလ်ပေးချေမှုများ၊ ပြည်တွင်းငွေလွှဲမှုများနှင့် Wave Pay မှတစ်ဆင့် ကောင်တာမှ ငွေလွှဲခြင်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေး​နေခြင်းဖြစ်သည်။

Wave Money တွင် တစ်လလျှင်ငွေလွှဲပြောင်းမူ အကြိမ်ရေ တစ်သန်းမှ ၁ ဒသမ ၂ သန်းရှိပြီး စစ်တပ်အာဏာသိမ်းမူကြောင့် သုံးဆွဲသူ ၂ သန်းခန့်လျော့ ကျသွားခဲ့သည်ဟု ဆိုထားသည်။ ထိုပမာဏသည် Wave Money အက်ပလီကေးရှင်းသုံးဆွဲသူ တစ် ဝက်နီးပါးရှိသည်ဟု ဆိုသည်။

တယ်လီနောက မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာ ကွန်ယက်ကို လက်ဘနွန်အခြေစိုက် စီးပွားရေးလုပ်ငန်းစု M1 Groupကို ဒေါ်လာသန်း ၁၀၅ဖြင့်ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေကြေး လက်ခံယူပြီး ရှယ်ယာတွေ ရောင်းချထားဖွယ်ရှိကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

သတင်း

ကုမ္ပဏီများသည် စစ်အုပ်စုနှင့် လက်တွဲဖြုတ်ရန် မြန်မာလူထုက ကြီးမားသော ဖိအားပေးနေချိန် နွေဦးတော်လှန်ရေး ကာလအတွင်း ရိုးမဘဏ်ထံမှ IFCက နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"ယခုကစပြီး ပိုမိုလုံခြုံစိတ်ချရသော Wave Money ငွေလွဲခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများအားလုံးအတွက် မှတ်ပုံတင် ယူဆောင်လာဖို့ လုံးဝ(လုံးဝ) မမေ့ကြနဲ့နော်”ဟု Wave Money က ဆိုသည်။