Connect with us

Hi, what are you looking for?

News

ဒီးမော့ဆို၌ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ ၁၄ဦးသေဟု KNDF ထုတ်ပြန်

တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ကရင်နီတပ်မတော်နှင့် PDF မှ ရဲဘော်နှစ်ဦးကို အာဇာနည် သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း KNDFက ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်ဘက်မှ ဒီးမော့ဆိုမြို့နယ်ဘက်သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၄ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာအနီး သဲတောင်တွင် ယနေ့(ဇန်နဝါရီ ၃ရက်)နံနက် ၁၀နာရီခွဲမှ စတင်ခဲ့သည့် တိုက်ပွဲမှာည ၇နာရီထိ ၉နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း၊ ကရင်နီတပ်မတော်(KA) နှင့် KNDF ပူးပေါင်းတပ်မှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးတွင် ဒီဇင်ဘာ၃၁ ရက်မှ ယနေ့ အထိအကြမ်းဖက်စစ်ကောင်စီတပ်များကို PDF ပူးပေါင်းမဟာမိတ် တပ်ဖွဲ့နှင့်အတူ KNDF မှဆက်လက်ခုခံ တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များ ဘက်မှ အထိအခိုက် ရှိနိုင်သည်ဟုလည်း ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၂ရက်)တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးခဲ့ပြီး ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦး၊ PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ကရင်နီတပ်မတော်နှင့် PDF မှ ရဲဘော်နှစ်ဦးကို အာဇာနည် သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း KNDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။