Connect with us

Hi, what are you looking for?

News

မှော်ဘီတွင် စစ်​ကောင်စီကကျင်းပသည့် လွတ်လပ်​ရေး​နေ့ ​ဘောလုံးပွဲ ဗုံး​ဖောက်ခွဲသတိ​ပေး၊ ပွဲပျက်သွားဟု ထုတ်ပြန်

လက်ရှိကာလသည် အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ခုခံစစ်ဆင်နွဲနေသည့်ကာလဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့က ကျင်းပသည့် အခမ်းအနားများကို ရှောင်ကျဥ်ခြင်းဖြင့် တော်လှန်ရေးပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

People's Spring
People's Spring

မှော်ဘီမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ဦးစီးကျင်းပသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဘောလုံးပွဲကို ဗုံးဖောက်ခွဲ၍သတိပေးခဲ့သောကြောင့် ပွဲပျက်သွားကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ် မြောက်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မှော်ဘီမြို့နယ် ယင်းတိုက်ပင်ကျေးရွာအုပ်စု သဲဖြူကျေးရွာ၌ ယ​နေ့(ဇန်နဝါရီ ၄ ရက်) လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများထိခိုက်မှုမရှိစေရန် အသံဗုံးတစ်ကြိမ် ဖောက်ခွဲပြီးနောက် ၁၀မိနစ်ခန့်အကြာတွင် တိုက်ခိုက်ရေးဗုံးတစ်ကြိမ်ထပ်မံဖောက်ခွဲခဲ့ကြောင်း အထက်ပါအဖွဲ့ကထုတ်ပြန်သည်။

“ဒုတိယဗုံးဖြင့်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာပြည်သူများနှင့်ရောနေ၍ထိခိုက်မှုမရှိသော်လည်း ဘောလုံးပွဲကိုဖျက်၍ ကြောက်လန့်တကြားထွက်ပြေးသွားခဲ့သောကြောင့် ကျွန်ုပ်တို့အနေဖြင့် ထပ်မံတိုက်ခိုက်ရန်စီစဥ်ထားရှိမှုများကိုဖျက်သိမ်းခဲ့ရသည် “ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိကာလသည် အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ခုခံစစ်ဆင်နွဲနေသည့်ကာလဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့က ကျင်းပသည့် အခမ်းအနားများကို ရှောင်ကျဥ်ခြင်းဖြင့် တော်လှန်ရေးပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ယင်းစစ်ဆင်ရေးကို အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့က မှော်ဘီ့ရင်သွေးတပ် (Hmawbi Youth Army)၊ မှော်ဘီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force- Hmawbi) တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook