Connect with us

Hi, what are you looking for?

LuduNwayOo

News

မှော်ဘီတွင် စစ်​ကောင်စီကကျင်းပသည့် လွတ်လပ်​ရေး​နေ့ ​ဘောလုံးပွဲ ဗုံး​ဖောက်ခွဲသတိ​ပေး၊ ပွဲပျက်သွားဟု ထုတ်ပြန်

လက်ရှိကာလသည် အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ခုခံစစ်ဆင်နွဲနေသည့်ကာလဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့က ကျင်းပသည့် အခမ်းအနားများကို ရှောင်ကျဥ်ခြင်းဖြင့် တော်လှန်ရေးပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

People's Spring
People's Spring

မှော်ဘီမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ဦးစီးကျင်းပသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဘောလုံးပွဲကို ဗုံးဖောက်ခွဲ၍သတိပေးခဲ့သောကြောင့် ပွဲပျက်သွားကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ် မြောက်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မှော်ဘီမြို့နယ် ယင်းတိုက်ပင်ကျေးရွာအုပ်စု သဲဖြူကျေးရွာ၌ ယ​နေ့(ဇန်နဝါရီ ၄ ရက်) လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများထိခိုက်မှုမရှိစေရန် အသံဗုံးတစ်ကြိမ် ဖောက်ခွဲပြီးနောက် ၁၀မိနစ်ခန့်အကြာတွင် တိုက်ခိုက်ရေးဗုံးတစ်ကြိမ်ထပ်မံဖောက်ခွဲခဲ့ကြောင်း အထက်ပါအဖွဲ့ကထုတ်ပြန်သည်။

“ဒုတိယဗုံးဖြင့်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာပြည်သူများနှင့်ရောနေ၍ထိခိုက်မှုမရှိသော်လည်း ဘောလုံးပွဲကိုဖျက်၍ ကြောက်လန့်တကြားထွက်ပြေးသွားခဲ့သောကြောင့် ကျွန်ုပ်တို့အနေဖြင့် ထပ်မံတိုက်ခိုက်ရန်စီစဥ်ထားရှိမှုများကိုဖျက်သိမ်းခဲ့ရသည် “ဟု အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိကာလသည် အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ခုခံစစ်ဆင်နွဲနေသည့်ကာလဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့က ကျင်းပသည့် အခမ်းအနားများကို ရှောင်ကျဥ်ခြင်းဖြင့် တော်လှန်ရေးပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ယင်းစစ်ဆင်ရေးကို အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့က မှော်ဘီ့ရင်သွေးတပ် (Hmawbi Youth Army)၊ မှော်ဘီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force- Hmawbi) တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။