ရွှေပေါက်ကံမြို့နယ် တောင်ငူလမ်း မြို့နယ်လျပ်စစ်မန်နေဂျာ(EPC)ရုံးဘေးကပ်လျက်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဗုံးသီးများဖြင့်တိုက်ခိုက်ရာ ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ CGF – YGN က ထုတ်ပြန်သည်။
ယနေ့(ဇန်နဝါရီ၆)နံနက် ၄နာရီ ၅၀မိနစ်ခန့်က CGF YGN နှင့် Yangon Federal Army – YFA တို့ ပူးပေါင်းကာ M79 40 mm ဗုံးသီးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရွှေပေါက်ကံမြို့နယ် တောင်ငူလမ်း EPC ရုံ ဘေးတွင် အကြမ်းဖက်စစ်ကောင်စီအင်အားမှု ၃၀ခန့်ဖြင့် တပ်စွဲထားခြင်းလည်းဖြစ်သည်။
“နှစ်လုံးကိုတော့ ကောင်းကောင်းကြားရတယ်။အသံတော်တော် ကျယ်တယ်ဗျာ”ဟု ရွှေပေါက်ကံမြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့်ညီနောင်ရဲဘော်များ ထိခိုက်မှု့မရှိပဲ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ပြီးဖြစ်ကြောင်းလည်း CGF – YGN က ဆိုသည်။
ယခု Mission သည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင် စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းဖြစ်ပြီး စစ်အာဏာရှင်အား အမြစ်ပြတ် သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း ဆိုသည်။


















































