Connect with us

Hi, what are you looking for?

News

ရွှေ​ပေါက်ကံ EPCရုံး​ဘေး တပ်စွဲထားသည့် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၁၀ဦးထက်မနည်း​သေနိုင်ဟု ရန်ကုန်မြို့ပြ​ပျောက်ကြားအဖွဲ့ ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့်ညီနောင်ရဲဘော်များ ထိခိုက်မှု့မရှိပဲ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ပြီးဖြစ်ကြောင်းလည်း CGF – YGN က ဆိုသည်။

People's Spring
People's Spring

ရွှေပေါက်ကံမြို့နယ် တောင်ငူလမ်း မြို့နယ်လျပ်စစ်မန်​နေဂျာ(EPC)ရုံးဘေးကပ်လျက်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဗုံးသီးများဖြင့်တိုက်ခိုက်ရာ ၁၀ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း ရန်ကုန်မြို့ပြ​ပျောက်ကြားတပ်ဖွဲ့ CGF – YGN က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ၆)နံနက် ၄နာရီ ၅၀မိနစ်ခန့်က CGF YGN နှင့် Yangon Federal Army – YFA တို့ ပူးပေါင်းကာ M79 40 mm ဗုံးသီးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွှေပေါက်ကံမြို့နယ် တောင်ငူလမ်း EPC ရုံ ဘေးတွင် အကြမ်းဖက်စစ်ကောင်စီအင်အားမှု ၃၀ခန့်ဖြင့် တပ်စွဲထားခြင်းလည်းဖြစ်သည်။

“နှစ်လုံးကိုတော့ ကောင်းကောင်းကြားရတယ်။အသံတော်တော် ကျယ်တယ်ဗျာ”ဟု ရွှေပေါက်ကံမြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့်ညီနောင်ရဲဘော်များ ထိခိုက်မှု့မရှိပဲ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ပြီးဖြစ်ကြောင်းလည်း CGF – YGN က ဆိုသည်။

ယခု Mission သည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင် စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းဖြစ်ပြီး စစ်‌အာဏာရှင်အား အမြစ်ပြတ် သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook