Connect with us

Hi, what are you looking for?

News

နတ်​​ချောင်းရွာသို့ ပြန်လာ​သော ပြည်သူအချို့ကို ကင်းပုန်းဝပ်​​နေသည့် စစ်​ကောင်စီတပ် ပစ်သတ်

“ရွာထဲမှာ စစ်တပ် မရှိတော့ဘူးဆိုပြီး ပြန်တာ။ အခု ထပ်အသတ်ခံရပြန်ပြီ။ သေဆုံးသူတွေ ရှိတယ်။ ဘယ်နှစ်ဦးလဲတော့ မသိသေးဘူး”ဟု အထက်ပါအမျိုးသားကပြောသည်။

(နတ်​ချောင်းရွာမှ အိမ်များကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်)

က​လေးမြို့နယ် ၊နတ်ချောင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမရှိတော့ဟုထင်ပြီး နေအိမ်သို့ ပြန်လာသည့် ဒေသခံအချို့ကို ကင်းပုန်းဝပ်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူအချို့ ​သေဆုံး၊ဒဏ်ရာရရှိခဲ့​ကြောင်း စစ်ဘေးရှောင်နေရသူများကပြောသည်။

(နတ်​ချောင်းရွာမှ အိမ်များကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်)

နေအိမ်ပေါင်း၂၀၀၀ ခန့်နှင့် လူဦးရေ တစ်သောင်းကျော်ရှိသော နတ်ချောင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က​ဒီဇင်ဘာလတွင် လေယာဥ်​ပေါ်မှ ပစ်ခတ်ခြင်း၊​သေနတ်ဖြင့်ပစ်သတ်ပြီး အိမ်များ မီးရှို့ သဖြင့် ​ဒေသခံပြည်သူ ၂၀ဦးထက်မနည်း​သေဆုံးခဲ့သည်။ ထို့အပြင် ရွာအတွင်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်​သောကြောင့် ဒေသခံများအားလုံး ဘေးလွတ်ရာတွင် တိမ်းရှောင်နေရသည်။ ယနေ့ (ဇန်နဝါရီ ၆)တွင် စစ်ကောင်စီတပ်များကချင်းပြည်နယ်ဘက်သို့စစ်​ကြောင်းတက်သွားသဖြင့်မရှိတော့ဟု ထင်ပြီးရွာ သို့ ပြန်လာသည့် ဒေသခံ ဆယ်ဦးထက်မနည်းသည် သေနတ်​ဖြင့် ထပ်မံပစ်ခတ်ခံလိုက်ရခြင်းဖြစ်​ကြောင်း စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောသည်။

Public Service Announcement

“ရွာထဲမှာ စစ်တပ် မရှိတော့ဘူးဆိုပြီး ပြန်တာ။ အခု ထပ်အသတ်ခံရပြန်ပြီ။ သေဆုံးသူတွေ ရှိတယ်။ ဘယ်နှစ်ဦးလဲတော့ မသိသေးဘူး”ဟု အထက်ပါအမျိုးသားကပြောသည်။

(နတ်​ချောင်းရွာမှ အိမ်များကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်)

အကြမ်းဖက်စစ်ကောင်စီတပ်သည် နတ်ချောင်းရွာနှင့်ထိစပ်နေသည့် ချင်းပြည်နယ် ၊ဖလမ်းမြို့နယ် ၊
ဝေဘူလမြို့သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့်PDF (Kalay) ၊ CNDF ၊ Zomi PDF ၊ RKDF နှင့် ပ.က.ဖ (ကလေး) ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်​နေပြီး လမ်းကြောင်းတ‌လျှောက် တိုက်ပွဲပြင်းထန်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook