Connect with us

Hi, what are you looking for?

LuduNwayOo

News

သရက်မြို့နယ်၊ ​စော်ဖျားရွာအနီးတပ်စွဲထား​သောစစ်​ကောင်စီတပ်ကို ​ဒေသခံ PDFဝင်​ရောက်တိုက်ခိုက်ပြီးတိုက်ပွဲဖြစ်​နေ

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထားဝယ်-သရက်ချောင်း အဝေးပြေးလမ်းမကြီးကို သွားလာခြင်းမပြုလုပ်ရန်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား​နေ​ကြောင်း ဒေသခံကာကွယ်ရေးတပ်များနှင့် ဒေသခံများက​ပြောသည်။

စော်ဖျားရွာတွင် တပ်စွဲထားပြီး လူထုကို အနိုင်ကျင့်နှိပ်စက်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ မနက် ၉နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကားနှစ်စီးကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများကပြောသည်။

စစ်ကောင်စီတပ်များက လက်နက်ကြီးများအပါအဝင် စစ်လက်နက်များဖြင့် အင်အားဖြည့်တင်းနေ​ပြီး နေလယ်ပိုင်းတွင် ထားဝယ်မြို့မှ စစ်ကားများပါ စော်ဖျားရွာသို့ စစ်အင်းအားဖြည့်တင်းရန် ပြင်ဆင်နေသည်ဟု ဒေသခံများက​ပြောသည်။ တိုက်ပွဲ​ကြောင့် ရွာသားက ထွက်ပြေးခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာသားများကိုပါလိုက်လံပစ်ခတ်​နေသည်။

Public Service Announcement

Public Service Announcement

“အခုတော့ ဘေးလွတ်ရာကိုပြေးနေရတယ်၊”ဟု ဒေသခံတစ်ဦးကပြောသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထားဝယ်-သရက်ချောင်း အဝေးပြေးလမ်းမကြီးကို သွားလာခြင်းမပြုလုပ်ရန်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးအကြောင်းပြချက်ဖြင့် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ဒေသကို ဒီဇင်ဘာ ၂၃ ရက်ကတည်းကပိတ်ဆို့ စစ်အင်အားတိုးထားပြီး ရိက္ခာဖြတ်တောက်ထားသည်။ တောင်ပျောက်ဒေသအတွင်း ကျေးရွာ ၁၀ခန့်ရှိပြီး ရွာသားများကိုပါ ရိက္ခာဝယ်ယူခွင့်မပေးဘဲ ပိတ်ဆို့ထားခြင်းဖြစ်သည်။ ထိုသို့ ပိတ်ဆို့ထားသည့် ကာလအတွင်း ရွာသားများကို ဖမ်းဆီးခြင်း၊ ကား၊ဆိုင်ကယ်၊ စသည့် အဖိုးတန်ပစ္စည်းများ ခိုးယူခြင်းနှင့် နေအိမ်ဖောက်ထွင်းမူများကို ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။