Connect with us

Hi, what are you looking for?

News

ထီးချိုင့်နှင့် ကသာတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံး (KIA နှင့်ပူး​ပေါင်းတိုက်ခိုက်ခြင်းဟု PDF ထုတ်ပြန်)

ထီးချိုင့်ဒေသခံတစ်ဦးကလည်း “ ဖြစ်တာမှန်တယ်။ သူတို့ တင်ထားတဲ့အတိုင်းလည်း ဟုတ်တယ်။ အခုဖြစ်တဲ့ တပ်(တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်)ကလည်း သွားလိုက်လာလိုက်ပဲဗျ။ထီးချိုင့်မြို့နယ်ထဲမှာ ဝင်ပြီးမှ အပြန်မှာဖြစ်တယ်ပြောတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့ကြောင်း သက် ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက သတင်းထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ် မော်ကွန်းတောင်ရိုးလမ်းပိုင်းတွင် ဇွန်လ ၂၆ရက်က စစ်ကောင်စီ၏ မော်တော်ယာဉ် သုံးစီးကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် ၁၄ ဦးထက်မနည်း သေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ထီးချိုင့် PDFက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ကချင်လက်နက်ကိုင်အဖွဲ့(KIA) နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ ထီးချိုင့်ဒေသခံတစ်ဦးကလည်း “ ဖြစ်တာမှန်တယ်။ သူတို့ တင်ထားတဲ့အတိုင်းလည်း ဟုတ်တယ်။ အခုဖြစ်တဲ့ တပ်(တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်)ကလည်း သွားလိုက်လာလိုက်ပဲဗျ။ထီးချိုင့်မြို့နယ်ထဲမှာ ဝင်ပြီးမှ အပြန်မှာဖြစ်တယ်ပြောတယ်” ဟု ပြောသည်။

အလားတူ ကသာမြို့နယ် မိုးတားအုပ်စု ရွှေကျောင်းကုန်းရွာအနီးတွင်လည်း ဇွန်လ ၂၄ရက်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံးခဲ့ကြောင်း ကသာ PDFက သတင်းထုတ်ပြန်ထားသည်။အဆိုပါ တိုက်ခိုက်မှုကိုလည်း KIA နှင့် ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ကသာနှင့် ထီးချိုင့်ဒေသတိုက်ပွဲများ၌ KIA ပါဝင်သည်ဆိုခြင်းနှင့်ပတ်သက်ပြီး ယင်းအဖွဲ့ သတင်းနှင့်ပြန်ကြား ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအားမေးမြန်းရာ ထုတ်ပြန်ချက်ကို အတည်ပြု၍ မရသော်လည်း ဒေသခံနှင့် အောက်ခြေတပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး