Connect with us

Hi, what are you looking for?

News

ကားရပ်ပြီး မိုင်းရှာသည့်စစ်ကောင်စီတပ် မိုင်း ၁၆ လုံးဖြင့် တိုက်ခိုက်ခံရ၊ မိုင်းနှစ်ကြိမ်မိ၍ စစ်ကောင်စီတပ်သား ၁၇ ဦးခန့်သေဟုဆို

အလားတူ ယနေ့ညနေ ၅ နာရီ ၂၀ ခန့်တွင် ထန်းငယ်တော အရှေ့ဘက်ချောင်းခွလမ်းခွဲ၌ စစ်ကောင်စီတပ် ယာဉ်တန်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားမှောက်သွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

People's Spring
People's Spring

ကားရပ်ပြီး မိုင်းရှာနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်း ၁၆လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myaing PDF က ယနေ့(ဇန်နဝါရီ ၉)ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီ ၄၅ခန့်တွင် မြိုင်-ပခုက္ကူလမ်း ကိုင်းကွေ့အနီး ကားရပ်ပြီးမိုင်းရှာနေသော စစ်ကောင်စီတပ်အား မိုင်း၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၁၀ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ယနေ့ညနေ ၅ နာရီ ၂၀ ခန့်တွင် ထန်းငယ်တော အရှေ့ဘက်ချောင်းခွလမ်းခွဲ၌ စစ်ကောင်စီတပ် ယာဉ်တန်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားမှောက်သွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်များသည် ထန်းငယ်တောရွာအနီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်နေကြသောကြောင့် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Myaing PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပခုက္ကူဘက်မှ ကား ၄၁စီးဖြင့် ဆင်းလာသော စစ်ကောင်စီတပ်များမှာ မြိုင်ဘက်သို့ ဦးတည်ထွက်ခွာ လာသည့်အပြင် စစ်ကောင်စီတပ်များက အိမ်စီးကားများအသုံးပြုသွားလာခြင်းများရှိနေခြင်းကြောင့် ပြည်သူများ ယခုရက်ပိုင်း အိမ်စီးကားအသုံးမပြုကြရန် Myaing PDF က သတိပေးချက် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ကရင်နီပြည်ရှေ့တန်းမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို လူသားဒိုင်းသဖွယ်စတေးခံခိုင်းနေပြီး ဒီကနေ့ (ဩဂုတ် ၂၇ ရက်)မှာ မိုင်းရှင်းလင်းခိုင်းစဉ် မိုင်းထိပြီး စစ်မှုထမ်းတပ်သားသစ် ၃ဦးသေခဲ့တယ်လို့ ဖရီးဘားမားရိန်းဂျား (Free Burma Rangers - FBR) တာ၀န်ရှိသူ ကိုအောင်ဇေယျက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်