Connect with us

Hi, what are you looking for?

News

ကားရပ်ပြီး မိုင်းရှာသည့်စစ်ကောင်စီတပ် မိုင်း ၁၆ လုံးဖြင့် တိုက်ခိုက်ခံရ၊ မိုင်းနှစ်ကြိမ်မိ၍ စစ်ကောင်စီတပ်သား ၁၇ ဦးခန့်သေဟုဆို

အလားတူ ယနေ့ညနေ ၅ နာရီ ၂၀ ခန့်တွင် ထန်းငယ်တော အရှေ့ဘက်ချောင်းခွလမ်းခွဲ၌ စစ်ကောင်စီတပ် ယာဉ်တန်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားမှောက်သွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

People's Spring
People's Spring

ကားရပ်ပြီး မိုင်းရှာနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်း ၁၆လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myaing PDF က ယနေ့(ဇန်နဝါရီ ၉)ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီ ၄၅ခန့်တွင် မြိုင်-ပခုက္ကူလမ်း ကိုင်းကွေ့အနီး ကားရပ်ပြီးမိုင်းရှာနေသော စစ်ကောင်စီတပ်အား မိုင်း၁၆ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၁၀ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ယနေ့ညနေ ၅ နာရီ ၂၀ ခန့်တွင် ထန်းငယ်တော အရှေ့ဘက်ချောင်းခွလမ်းခွဲ၌ စစ်ကောင်စီတပ် ယာဉ်တန်းအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ကားမှောက်သွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်များသည် ထန်းငယ်တောရွာအနီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်နေကြသောကြောင့် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Myaing PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပခုက္ကူဘက်မှ ကား ၄၁စီးဖြင့် ဆင်းလာသော စစ်ကောင်စီတပ်များမှာ မြိုင်ဘက်သို့ ဦးတည်ထွက်ခွာ လာသည့်အပြင် စစ်ကောင်စီတပ်များက အိမ်စီးကားများအသုံးပြုသွားလာခြင်းများရှိနေခြင်းကြောင့် ပြည်သူများ ယခုရက်ပိုင်း အိမ်စီးကားအသုံးမပြုကြရန် Myaing PDF က သတိပေးချက် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။