Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် ဝိုင်းခံရသဖြင့် မြိုင် PDFရဲ​ဘော်နှစ်ဦး မိုင်းများဖြင့် ကိုယ်တိုင်အဆုံးစီရင်

မြိုင်မြို့နယ်တောင်ဘက် ကိုင်းတောမလမ်း၌ အကြမ်းဖက်စစ်သား ၅၀ခန့် ၊အနောက်ဘက် ဗဟင်းလမ်းတွင် စစ်သား ၁၀၀ခန့် နှင့် မြောက်ဘက် မင်းသားကျလမ်းတွင် စစ်သား ၈၀ခန့်ကစစ်ကြောင်းထိုးကာ တောနင်းခဲ့သည်။

မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဝိုင်းခံရသဖြင့် ပြည်သူ့ရဲဘော်နှစ်ဦး မိုင်းများဖြင့် ကိုယ်တိုင် အဆုံးစီရင်သွားခဲ့ကြောင်း မြိုင် PDFက အသိ​ပေးထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၁၀ ရက်) နံနက်ပိုင်းကစ၍ မြိုင်မြို့နယ်အတွင်း အ​ကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၄၀၀ခန့်ဖြင့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်နေသည်ဟု မြိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဆိုသည်။

မြိုင်မြို့နယ်တောင်ဘက် ကိုင်းတောမလမ်း၌ အကြမ်းဖက်စစ်သား ၅၀ခန့် ၊အနောက်ဘက် ဗဟင်းလမ်းတွင် စစ်သား ၁၀၀ခန့် နှင့် မြောက်ဘက် မင်းသားကျလမ်းတွင် စစ်သား ၈၀ခန့်ကစစ်ကြောင်းထိုးကာ တောနင်းခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် ဗဟင်းလမ်းရှိ သက္ကယ်ကန်ရွာအနီးတွင် မြိုင် PDF မှ ရဲဘော် နှစ်ဦးသည်အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝိုင်းဝန်းမှုခံရသဖြင့် မိုင်းများဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ရသည်ဟု မြိုင် PDF က အတည်ပြုသည်။

“၃ နာရီလောက်က ဖြစ်တာလို့ သိရတယ်။လော လောဆယ် အခြေအနေအရ တပ်အပ်ပြောဖို့ခဲနေတယ်။စစ်ခွေးတွေက တော်တော်ကို ထိုးစစ်ဆင်လာတာ”ဟု မြိုင် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိုင် PDFမှ ကျဆုံးရဲဘော်နှစ်ဦးအား သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ရှိကြောင်းလည်း အသိပေးသည်။

လက်ရှိ စစ်ရေးအခြေအနေမှာလည်း မိဘပြည်သူ များအနေဖြင့် စစ်​ကောင်စီတပ်နှင့် ​ဝေးပြီးလုံခြုံသောနေရာများတွင် နေထိုင်ကြပါရန် သတိပေး မေတ္တာရပ်ခံထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook