Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်တွင် စစ်​ကောင်စီတပ်ထပ်မံတိုက်ခိုက်ခံရ

“စစ်တပ်ကို ဇီးကုန်းပွိုင့်မှာ ညီနောင်တော်လှန်ရေးတပ်များ ပူးပေါင်းပြီး မိုင်းဆွဲတာ OK ကြောင်း သတင်းရရှိပါတယ်။အကျအဆုံးတော့ မသိရသေးပါ။”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့နေ့လယ်ပိုင်းက အကြမ်းဖက်စစ်​ကောင်စီတပ်ကို ​ဒေသခံPDFပူးပေါင်းအဖွဲ့များ၏ ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှု​ကြောင့် ထိခိုက်မှုများနိုင်ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPAက သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီလ ၁၁ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်က ရေဦးမြို့နယ်၊ ကြောင်မန်းတောကျေးရွာရှိ အောင်သပြေကျောင်းမှထွက်လာသော အကြမ်းဖက်စစ်တပ်အား ဒီပဲယင်းမြို့ပြ ပျောက်ကြား ကျားလေးPDF(DRPA)၊ ဗိုလ်မုတ်ဆိတ်ဦးဆောင်သော ဒီပဲယင်း ပကဖနှင့် အခြားအဖွဲ့များပူးပေါင်းပြီး မိုင်းလေးလုံးဆွဲတိုက်ခိုက်ခဲ့ရာ စကစဘက်မှ အထိအခိုက်များပြီး အကျအဆုံးမသိရသေးကြောင်း DRPAက သတင်းထုတ်ပြန်သည်။

“စစ်တပ်ကို ဇီးကုန်းပွိုင့်မှာ ညီနောင်တော်လှန်ရေးတပ်များ ပူးပေါင်းပြီး မိုင်းဆွဲတာ OK ကြောင်း သတင်းရရှိပါတယ်။အကျအဆုံးတော့ မသိရသေးပါ။”ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် (၇:၃၀)အချိန်ခန့်ကလည်း ရေဦးမြို့နယ်၊ တောင်ဂွင်ရွာ နှင့် တောကျောင်းအကြားရှိ စစ်ကောင်စီအဖွဲ့ကို PDF(YEU)၊ ပကဖ(ရေဦး) နှင့် ဒေသခံတော်လှန်ရေးအဖွဲ့တို့ပူးပေါင်းပြီး ပြောက်ကျားစနစ်ဖြင့် ဆယ်မိနစ်ခန့်လက်နက်ငယ်ဖြင့်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ PDF များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးမသိရသေးကြောင်း ပကဖ(ရေဦး) က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook