Connect with us

Hi, what are you looking for?

News

ဝေဘူလမြို့တွင် CNDFက စစ်ကောင်စီတပ်ကို စခန်းအထိလိုက်တိုက်၊ စစ်ကောင်စီဘက်မှ ၁၅ဦးခန့်သေဟုဆို

ထိခိုက်ဒဏ်ရာရရှိသူများ များပြားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်မှု မပြုလုပ်ရဲဘဲ ရှောင်ရှားခဲ့ကြရာ CNDF မှ ၎င်းတို့ တပ်စွဲထားသော စခန်းနေရာထိလိုက်လံပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

(CNDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

ချင်းပြည်နယ် ဖလမ်းခရိုင် ဝေဘူလမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၁ရက်နံနက် ၉နာရီခန့်တွင် ဝေဘူလမြို့အနီး CNDF မှ ထောင်ထားသော မိုင်းများနင်းမိသောကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိခိုက်ဒဏ်ရာရရှိသူများ များပြားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်မှု မပြုလုပ်ရဲဘဲ ရှောင်ရှားခဲ့ကြရာ CNDF မှ ၎င်းတို့ တပ်စွဲထားသော စခန်းနေရာထိလိုက်လံပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသောနေရာအား နေ့လယ် ၂နာရီခန့်တွင် CNDF မှ လက်ဦးမှုရယူပြီး တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားကြောင်း CNDF က ထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများပြင်းထန်လျက်ရှိသော ဝေဘူလမြို့နယ်တွင်းသို့ စစ်ကောင်စီတပ်က ဇန်နဝါရီ ၆ ရက်တွင် အင်အား ၁၀၀ ခန့်ဖြင့် စတင်ထိုးစစ်ဆင်ခဲ့ပြီး လူသားဒိုင်းအဖြစ်အသုံးပြုမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။