Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝေဘူလမြို့တွင် CNDFက စစ်ကောင်စီတပ်ကို စခန်းအထိလိုက်တိုက်၊ စစ်ကောင်စီဘက်မှ ၁၅ဦးခန့်သေဟုဆို

ထိခိုက်ဒဏ်ရာရရှိသူများ များပြားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်မှု မပြုလုပ်ရဲဘဲ ရှောင်ရှားခဲ့ကြရာ CNDF မှ ၎င်းတို့ တပ်စွဲထားသော စခန်းနေရာထိလိုက်လံပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

(CNDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

ချင်းပြည်နယ် ဖလမ်းခရိုင် ဝေဘူလမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၁ရက်နံနက် ၉နာရီခန့်တွင် ဝေဘူလမြို့အနီး CNDF မှ ထောင်ထားသော မိုင်းများနင်းမိသောကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိခိုက်ဒဏ်ရာရရှိသူများ များပြားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်မှု မပြုလုပ်ရဲဘဲ ရှောင်ရှားခဲ့ကြရာ CNDF မှ ၎င်းတို့ တပ်စွဲထားသော စခန်းနေရာထိလိုက်လံပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသောနေရာအား နေ့လယ် ၂နာရီခန့်တွင် CNDF မှ လက်ဦးမှုရယူပြီး တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားကြောင်း CNDF က ထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများပြင်းထန်လျက်ရှိသော ဝေဘူလမြို့နယ်တွင်းသို့ စစ်ကောင်စီတပ်က ဇန်နဝါရီ ၆ ရက်တွင် အင်အား ၁၀၀ ခန့်ဖြင့် စတင်ထိုးစစ်ဆင်ခဲ့ပြီး လူသားဒိုင်းအဖြစ်အသုံးပြုမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။