Connect with us

Hi, what are you looking for?

News

မုံရွာတွင် စစ်​ကောင်စီတပ်ကို ပါဆယ်ဗုံးဖြင့်တိုက်ခိုက်မှု၌ ဒဏ်ရာရခဲ့​သောက​လေးငယ် အသက်မ​သေ

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ​လေးဦး​သေဆုံးပြီး ၊ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မြို့ပြပျောက်ကြားအဖွဲများထုတ်ပြန်ထားသည်။ ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ​ဝေး​ဝေး​နေကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် ပေါက်ကွဲမှုဖြစ်စဥ်တွင် ဗုံးစထိမှန်ခဲ့သည့်ကလေးငယ် အသက်သေဆုံးခြင်းမရှိကြောင်း ဒေသခံများနှင့်မြို့ပြ​​ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ၁၀ရက် ညနေပိုင်းက မုံရွာမြို့ တမာတန်းမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်စဉ်တွင် ဗုံးစထိမှန်ခဲ့သော ၁၂နှစ်အရွယ်ကလေးငယ်မှာ အသက်သေဆုံးမှုမရှိကြောင်း၊ ဆေးကုသမှုခံယူနေကြောင်း ဒေသခံများက ပြောသည်။

“ကလေးSaveဖြစ်သွားပါပြီ”ဟု Monywa The Boys အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မုံရွာမြို့လယ် တမာတန်းမီးပွိုင့်တွင် ဇန်နဝါရီ ၁၀ရက်ည​နေက အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ပါဆယ်ဗုံး​ထောင် တိုက်ခိုက်စဥ်ဗုံးထိမှန်စဥ် ထိခိုက်မိသွားသည့် ကလေးငယ်သေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့ပြပျောက်ကြားအဖွဲ့များက ယမန်​နေ့နံနက်(ဇန်နဝါရီ ၁၁) အထူးဝမ်းနည်းကြောင်းကြေညာပြီး တာဝန်ခံခဲ့သည်။

Public Service Announcement

Public Service Announcement

မိဘပြည်သူများအနေဖြင့် အလားတူ ထိခိုက်မှုမျိုးမဖြစ်စေရန် ကြေညာချက်များအပေါ် အလေးထားလိုက်နာစေလိုကြောင်း၊ မဟာမိတ်အဖွဲ့များသည် အလားတူ ဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်စေရန် အထူးသတိကြီးစွာ ရှောင်ရှားမည်ဖြစ်ပြီး မိဘပြည်သူများဘက်ကလည်း ကြေညာချက်များကို လိုက်နာဆောင်ရွက်ပေးရန် အနူးအညွတ်ပန်ကြားအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ​လေးဦး​သေဆုံးပြီး ၊ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မြို့ပြပျောက်ကြားအဖွဲများထုတ်ပြန်ထားသည်။ ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ​ဝေး​ဝေး​နေကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။