Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာတွင် စစ်​ကောင်စီတပ်ကို ပါဆယ်ဗုံးဖြင့်တိုက်ခိုက်မှု၌ ဒဏ်ရာရခဲ့​သောက​လေးငယ် အသက်မ​သေ

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ​လေးဦး​သေဆုံးပြီး ၊ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မြို့ပြပျောက်ကြားအဖွဲများထုတ်ပြန်ထားသည်။ ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ​ဝေး​ဝေး​နေကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ် ပေါက်ကွဲမှုဖြစ်စဥ်တွင် ဗုံးစထိမှန်ခဲ့သည့်ကလေးငယ် အသက်သေဆုံးခြင်းမရှိကြောင်း ဒေသခံများနှင့်မြို့ပြ​​ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ၁၀ရက် ညနေပိုင်းက မုံရွာမြို့ တမာတန်းမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်စဉ်တွင် ဗုံးစထိမှန်ခဲ့သော ၁၂နှစ်အရွယ်ကလေးငယ်မှာ အသက်သေဆုံးမှုမရှိကြောင်း၊ ဆေးကုသမှုခံယူနေကြောင်း ဒေသခံများက ပြောသည်။

“ကလေးSaveဖြစ်သွားပါပြီ”ဟု Monywa The Boys အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မုံရွာမြို့လယ် တမာတန်းမီးပွိုင့်တွင် ဇန်နဝါရီ ၁၀ရက်ည​နေက အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ပါဆယ်ဗုံး​ထောင် တိုက်ခိုက်စဥ်ဗုံးထိမှန်စဥ် ထိခိုက်မိသွားသည့် ကလေးငယ်သေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့ပြပျောက်ကြားအဖွဲ့များက ယမန်​နေ့နံနက်(ဇန်နဝါရီ ၁၁) အထူးဝမ်းနည်းကြောင်းကြေညာပြီး တာဝန်ခံခဲ့သည်။

Public Service Announcement

Public Service Announcement

မိဘပြည်သူများအနေဖြင့် အလားတူ ထိခိုက်မှုမျိုးမဖြစ်စေရန် ကြေညာချက်များအပေါ် အလေးထားလိုက်နာစေလိုကြောင်း၊ မဟာမိတ်အဖွဲ့များသည် အလားတူ ဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်စေရန် အထူးသတိကြီးစွာ ရှောင်ရှားမည်ဖြစ်ပြီး မိဘပြည်သူများဘက်ကလည်း ကြေညာချက်များကို လိုက်နာဆောင်ရွက်ပေးရန် အနူးအညွတ်ပန်ကြားအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ​လေးဦး​သေဆုံးပြီး ၊ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း မြို့ပြပျောက်ကြားအဖွဲများထုတ်ပြန်ထားသည်။ ပြည်သူများအ​နေဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ​ဝေး​ဝေး​နေကြရန် မဟာမိတ်အဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။