Connect with us

Hi, what are you looking for?

News

PDF များကလုံခြုံ​ရေး​ပေးပြီး ယင်းမာပင်တွင် စစ်​အာဏာရှင်ဖြုတ်ချ​ရေးသပိတ်တရားဟောပြောပွဲ ဆက်လက်ကျင်းပ

တော်လှန်ရေးကာလ အချိန်တစ်ခုရောက်လာသည်နှင့်အမျှ တော်လှန်ခုခံပုံ အမျိုးမျိုးပြောင်းလဲသွားခဲ့သွားသော်လည်း လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ ယခုလို သပိတ်တိုက်ပွဲများ ဆက်လက်အားကောင်းနေရန် လိုအပ်ကြောင်း ဟောပြောခဲ့သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ (ဇန်နဝါရီ ၁၂ ရက်) ညနေပိုင်း၌ စစ်အာဏာရှင်ဖြုတ်ချ​ရေး သပိတ်တရား ဟောပြောပွဲ ဆက်လက်ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက လုံခြုံရေးစောင့်ရှောက်ပေးခဲ့သည်။

အဆိုပါ သပိတ်တရားပွဲကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးက သွားရောက်ပူးပေါင်း၍ ဟောပြောခဲ့ပြီး ဒေသခံပြည်သူ အများစု တက်ရောက်နားထောင်ခဲ့ကြသည်။

တော်လှန်ရေးကာလ အချိန်တစ်ခုရောက်လာသည်နှင့်အမျှ တော်လှန်ခုခံပုံ အမျိုးမျိုးပြောင်းလဲသွားခဲ့သွားသော်လည်း လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ ယခုလို သပိတ်တိုက်ပွဲများ ဆက်လက်အားကောင်းနေရန် လိုအပ်ကြောင်း ဟောပြောခဲ့သည်။

ထို့အပြင် လက်နက်ကိုင်တော်လှန်ရေးနှင့် သပိတ်တိုက်ပွဲများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းများသည် တော်လှန်ရေးရေချိန်ကို ပိုမိုအရှိန်ကောင်းလာစေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်၊ ၉ ရက်နှင့် ၁ဝ ရက် ညပိုင်းကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်မြို့နယ်နှင့်ပုလဲမြို့နယ်တို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တရား ဟောပြောပွဲ ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF များက လုံခြုံရေး စောင့်ရှောက်ခဲ့ကာ လူဦးရေ ထောင်ချီတက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ