Connect with us

Hi, what are you looking for?

News

DKBA စခန်းကို စစ်ကောင်စီနဲ့ BDF ပူးပေါင်းတိုက်ခိုက်လာတဲ့အပေါ် နောက်မဆုတ်ဘဲပြန်တွန်းလှန်သွားမယ်လို့ ဗိုလ်မှူးစောစလုံးပြော

စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုးလုပ်လာပြီး လက်နက်ကြီးကျည်ဟာ အနားပတ်ဝန်းကျင် မှာရှိတဲ့ ရွာထဲကနေအိမ်တွေပေါ် ကျတာမျိုးတွေရှိနေတယ်လို့ ဗိုလ်မှူးစောစလုံးက ပြောပါတယ်။

People's Spring
People's Spring

DKBA ရဲ့ ဗိုလ်မှူးစောစလုံးစခန်းကို စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ပူးပေါင်းကာ တိုက်ခိုက်နေပြီး စခန်းကနေ နောက်မဆုတ်ဘဲ ပြတ်ပြတ်သားသားရင်ဆိုင်မယ်လို့ ဗိုလ်မှူးစောစလုံးက ပြောလိုက်ပါတယ်။

မြဝတီမြို့နယ် ၊ဖလူးလေးကျေးရွာအနီးမှာရှိတဲ့ ဗိုလ်မှူးစောစလုံး စခန်းကိုမနေ့က နဲ့ ဒီနေ့မှာ တိုက်ခိုက်မှုတွေလုပ်လာတာပါ။

“မနေ့လည်းဖြစ်တယ် ညလည်းဖြစ်တယ် ၊ အခုလည်းပြန်တက်လာပြန်ပြီ အဲ့ဒီကောင်တွေ BGFနဲ့ ပူးပေါင်းပြီးတော့ စခန်းကိုလာတိုက်တယ်။ ကျွန်တော်တို့ကတော့ ပြောချင်တာကတော့ ကျနော်တို့ပြေးဖို့နယ်မြေလည်းမရှိတော့ဘူး၊ သူတို့နဲ့အကောင်းနဲ့ပဲရင်ဆိုင်တယ်” လို့ ဗိုလ်မှူးစောစလုံးက ပြောပါတယ်။

တိုက်ခိုက်မှုတွေမှာ DKBA က အထိအခိုက်အကျအဆုံးမရှိဘူးလို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုးလုပ်လာပြီး လက်နက်ကြီးကျည်ဟာ အနားပတ်ဝန်းကျင် မှာရှိတဲ့ ရွာထဲကနေအိမ်တွေပေါ် ကျတာမျိုးတွေရှိနေတယ်လို့ ဗိုလ်မှူးစောစလုံးက ပြောပါတယ်။

ဗိုလ်မှူးစောစလုံးစခန်းအနေနဲ့ ဒီလိုကျုးကျော်တိုက်ခိုက်လာတာကို နောက်မဆုတ်ဘဲ ပြန်လည်ခုခံတွန်းလှန်သွားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့ကိုပြန်လည်ပေးအပ်ဖို့အာဏာသိမ်းစစ်တပ်ကအပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကိုထပ်မံတောင်းဆိုနေတယ်လို့ကရင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။