Connect with us

Hi, what are you looking for?

LuduNwayOo

News

DKBA စခန်းကို စစ်ကောင်စီနဲ့ BDF ပူးပေါင်းတိုက်ခိုက်လာတဲ့အပေါ် နောက်မဆုတ်ဘဲပြန်တွန်းလှန်သွားမယ်လို့ ဗိုလ်မှူးစောစလုံးပြော

စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုးလုပ်လာပြီး လက်နက်ကြီးကျည်ဟာ အနားပတ်ဝန်းကျင် မှာရှိတဲ့ ရွာထဲကနေအိမ်တွေပေါ် ကျတာမျိုးတွေရှိနေတယ်လို့ ဗိုလ်မှူးစောစလုံးက ပြောပါတယ်။

People's Spring
People's Spring

DKBA ရဲ့ ဗိုလ်မှူးစောစလုံးစခန်းကို စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ပူးပေါင်းကာ တိုက်ခိုက်နေပြီး စခန်းကနေ နောက်မဆုတ်ဘဲ ပြတ်ပြတ်သားသားရင်ဆိုင်မယ်လို့ ဗိုလ်မှူးစောစလုံးက ပြောလိုက်ပါတယ်။

မြဝတီမြို့နယ် ၊ဖလူးလေးကျေးရွာအနီးမှာရှိတဲ့ ဗိုလ်မှူးစောစလုံး စခန်းကိုမနေ့က နဲ့ ဒီနေ့မှာ တိုက်ခိုက်မှုတွေလုပ်လာတာပါ။

“မနေ့လည်းဖြစ်တယ် ညလည်းဖြစ်တယ် ၊ အခုလည်းပြန်တက်လာပြန်ပြီ အဲ့ဒီကောင်တွေ BGFနဲ့ ပူးပေါင်းပြီးတော့ စခန်းကိုလာတိုက်တယ်။ ကျွန်တော်တို့ကတော့ ပြောချင်တာကတော့ ကျနော်တို့ပြေးဖို့နယ်မြေလည်းမရှိတော့ဘူး၊ သူတို့နဲ့အကောင်းနဲ့ပဲရင်ဆိုင်တယ်” လို့ ဗိုလ်မှူးစောစလုံးက ပြောပါတယ်။

တိုက်ခိုက်မှုတွေမှာ DKBA က အထိအခိုက်အကျအဆုံးမရှိဘူးလို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုးလုပ်လာပြီး လက်နက်ကြီးကျည်ဟာ အနားပတ်ဝန်းကျင် မှာရှိတဲ့ ရွာထဲကနေအိမ်တွေပေါ် ကျတာမျိုးတွေရှိနေတယ်လို့ ဗိုလ်မှူးစောစလုံးက ပြောပါတယ်။

ဗိုလ်မှူးစောစလုံးစခန်းအနေနဲ့ ဒီလိုကျုးကျော်တိုက်ခိုက်လာတာကို နောက်မဆုတ်ဘဲ ပြန်လည်ခုခံတွန်းလှန်သွားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။