Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ၃၆၀ခန့်ကို တိုက်ခိုက်၊ ကျန်းမာရေးဝန်ထမ်း ၂၉၀ ဦးခန့်ကိုဖမ်းဆီးပြီး ၃၁ ဦးကို သတ်ဖြတ်ခဲ့

အဆိုပါလုပ်ရပ်များကြောင့် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃ ရက်အထိ မြန်မာနိုင်ငံဒေသ အသီးသီးရှိ ပြည်သူ (၄)သိန်းနီးပါး နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်ရကြောင်း UNHCR ၏အစီရင်ခံစာကိုကိုးကားပြီး NUG က ထုတ်ပြန်သည်။

(ကိုဗစ်လူနာအား ကုသ​ပေး​နေရင်း စစ်အာဏာသိမ်းမှုဆန့်ကျင်​ကြောင်းဆန္ဒထုတ်​ဖော်​နေ​​သောကျန်းမာ​ရေးဝန်ထမ်းတစ်ဦး )

အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ၃၆၀ ခန့်ကို တိုက်ခိုက်ခဲ့သည့်အပြင် ကျန်းမာရေးလုပ်သား ၂၉၀ ဦးခန့်အားဖမ်းဆီးကာ ၃၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါအရေအတွက်မှာ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁ ရက် စစ်တပ်မှအာဏာသိမ်းပြီးချိန်မှ နို ဝင်ဘာလကုန်အထိ ၁၀ လတာကာလအတွင်း ကျူးလွန်ခဲ့သည့်စာရင်းဇယားများဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကိုကိုးကားပြီး NUG က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုစာရင်းများအရ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း(၃၅၅)ခုကို တိုက်ခိုက်ခြင်း၊ ကျန်းမာ ရေးလုပ်သား (၂၈၄)ဦးကို ဖမ်းဆီးခြင်း၊ ဆေးရုံ/ဆေးခန်း (၁၁၃)ခုကို ဝင်ရောက်စီးနင်းလုယက်ခြင်းနှင့် ကျန်းမာရေးလုပ်သား (၃၁) ဦးကို သတ်ဖြတ်ခြင်းတို့အား ကျူးလွန်ခဲ့ကြောင်း Insecurity Insight ၊ Physicians for Human Rights (PHR)နှင့် The Johns Hopkins University Center for Public Health and Human Rights (CPHHR)အဖွဲ့တို့၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်ကို ကိုးကား​ဖော်ပြသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် ကချင်၊ ကယား/ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ စသည့် ဒေသများမှ အပြစ်မဲ့ပြည်သူများကို အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြု၍ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် ခြင်း၊ အိုးအိမ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးလုယက်ခြင်း စသော အကြမ်းဖက်လုပ်ရပ်များကို လူစိတ်မဲ့စွာ ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါလုပ်ရပ်များကြောင့် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃ ရက်အထိ မြန်မာနိုင်ငံဒေသ အသီးသီးရှိ ပြည်သူ (၄)သိန်းနီးပါး နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်ရကြောင်း UNHCR ၏အစီရင်ခံစာကိုကိုးကားပြီး NUG က ထုတ်ပြန်သည်။

ထို့ကြောင့် NUG ၏ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး ဂျီနီဗာကွန်ဗန်းရှင်း(Geneva Conventions)နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအပါအဝင် ပြည်တွင်းပြည်ပဥပဒေများကို ပြက်ရယ်ပြု၊ ချိုးဖောက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာအနေဖြင့် အချိန်မီထိရောက်စွာ တားဆီးအရေးယူကြရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။