Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏ မုံရွာလမ်းဖွင့်ပွဲဖျက်သည့်လက်သည်တရားခံမိုးပျံပူ​ပေါင်းဖြစ်​​နေ

အောင်သပြေလမ်းနှင့်ပေ ၈၀လမ်း နှစ်လမ်းကို စစ်ကောင်စီမှ တစ်ချိန်တည်း ဖွင့်ပွဲကျင်းပရာ အောင်သပြေလမ်း ပေါက်ကွဲမှုကြောင့် ပေ ၈၀လမ်းဖွင့်ပွဲအခမ်းအနားကိုပါ ဖျက်သိမ်းရကြောင်း၊ ပေါက်ကွဲမှုကြောင့် အခမ်းအနားကို လာရောက်ဖွင့်လှစ်ပေးသည့် စစ်ကောင်စီအရာရှိကြီးများနှင့်စစ်ကောင်စီတပ်သားများပါ ထွက်ပြေးရကြောင်း ချင်းတွင်းရိုးမသတင်းစာမျက်နှာက ဖော်ပြသည်။

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကလမ်းဖွင့်ပွဲပြုလုပ်ချိန် မိုးပျံပူပေါင်းများပေါက်ကွဲ၍ ပွဲတက်လာသူများ ကြောက်လန့်တကြားထွက်ပြေးကြသောကြောင့် ပွဲပျက်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ယနေ့ (ဇန်နဝါရီလ ၁၄ ရက်) နံနက် ၈ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် အကြမ်းဖက် စစ်ကောင်စီက မြို့တွင်းရှိ အောင်သပြေလမ်းအား လမ်းဖွင့်ပွဲပြုလုပ်ချိန်မိုးပျံပူပေါင်းများလွှတ်တင်ရာ ဓါတ်အားလိုင်းနှင့်တိုက်မိ၍ပူပေါင်းများပေါက်ကွဲခဲ့ကြောင်း၊ ပူပေါင်းပေါက်ကွဲသံကိုဗုံးနှင့်လက်နက်​​ပေါက်ကွဲပစ်ခတ်သံများထင်ပြီး ကြောက်လန့်ကာစစ်ကောင်စီတပ်သားများအပါအဝင် ပွဲတက်လာသူများက ထွက်ပြေးကြရာ ပွဲပျက်သွားကြောင်း ဒေသခံအချို့က ပြောသည်။

“အစီအစဥ် သုံးအရ ပူစီပေါင်းနဲ့ ဖဲကြိုးဖြတ်တာ ပူစီဖောင်းအတွဲတွေက ဖဲကြိုးရောပါပြီး အပေါ်တက်သွားတော့ ၁၁၀၀၀ ကေဘယ်ကြိုးနဲ့ချိတ်မိပီး ရှော့ဖြစ်တယ်။ ပူပေါင်းတွေပေါက်ကွဲပြီး မီးလောင်ပါလေရော။ ဖောင်း၊ဖွတ် ဆို အသံကြားတော့ လူကြီး၊စည်ပင်ဝန်ထမ်းနဲ့ လုပ်သားတွေရော ဝရုန်းသုန်းကား ထွက်ပြေးကြတာ ကြည့်ကောင်းတာဗျာ၊ရယ်လိုက်ရတာ။စိတ်မကောင်းဘူးခင်ဗျာ။တစ်ယောက်မှ မှောက်ရက်လဲတာမတွေ့ဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

အောင်သပြေလမ်းနှင့်ပေ ၈၀လမ်း နှစ်လမ်းကို စစ်ကောင်စီမှ တစ်ချိန်တည်း ဖွင့်ပွဲကျင်းပရာ အောင်သပြေလမ်း ပေါက်ကွဲမှုကြောင့် ပေ ၈၀လမ်းဖွင့်ပွဲအခမ်းအနားကိုပါ ဖျက်သိမ်းရကြောင်း၊ ပေါက်ကွဲမှုကြောင့် အခမ်းအနားကို လာရောက်ဖွင့်လှစ်ပေးသည့် စစ်ကောင်စီအရာရှိကြီးများနှင့်စစ်ကောင်စီတပ်သားများပါ ထွက်ပြေးရကြောင်း ချင်းတွင်းရိုးမသတင်းစာမျက်နှာက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

​အခမ်းအနားပျက်ပြီး​နောက်မနက်ပိုင်းတွင် ဗုံး​ပေါက်ကွဲမှု​ကြောင့်ဟုထင်ခဲ့ပြီး ​​နေ့လယ်ပိုင်းတွင်မှမိုးပျံပူ​ပေါင်း​ပေါက်ခြင်းဖြစ်​ကြောင်း မြို့ခံအများစု သိ့ခဲ့ရခြင်းဖြစ်​ကြောင်း မြို့ခံတစ်ဦးကလည်း​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။