Connect with us

Hi, what are you looking for?

ဗီဒီယို

ဇဏ်ခီတို့စုံတွဲရဲ့ ပြည်သူ​တွေကို ကူညီမယ့်အစီအစဥ်

“ကျွန်တော်တို့ကို ပရိသတ်ကပေးထားတဲ့ ကျွန်တော်တို့ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေ ၊ ကျွန်တော်က ခရစ်(စ)ကို အမှတ်တရပေးထားတဲ့ Anniversary ပေးထားတဲ့လက်ဆောင်တွေ အဲဒီလိုမျိုး ကျွန်တော်တို့အတွက်အရမ်းတန်ဖိုးထားရတဲ့ပစ္စည်းတွေကို တစ်ခုချင်းစရောင်းမယ်လို့ဆုံးဖြတ်ထားတယ်” ဟု ဇဏ်ခီက ၎င်း၏ ပေ့ချ်မှ Live လွှင့်၍ပြောသည်။

ဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီနိုင်ရန် ၎င်းတို့မိသားစု၏ အမှတ်တရ ပစ္စည်းများကိုရောင်းချ ရန်ပုံငွေရှာဖွေမည်ဖြစ်ကြောင်း ဇဏ်ခီက အသိ​ပေးလိုက်သည်။

“ကျွန်တော်တို့ကို ပရိသတ်ကပေးထားတဲ့ ကျွန်တော်တို့ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေ ၊ ကျွန်တော်က ခရစ်(စ)ကို အမှတ်တရပေးထားတဲ့ Anniversary ပေးထားတဲ့လက်ဆောင်တွေ အဲဒီလိုမျိုး ကျွန်တော်တို့အတွက်အရမ်းတန်ဖိုးထားရတဲ့ပစ္စည်းတွေကို တစ်ခုချင်းစရောင်းမယ်လို့ဆုံးဖြတ်ထားတယ်” ဟု ဇဏ်ခီက ၎င်း၏ ပေ့ချ်မှ Live လွှင့်၍ပြောသည်။

အဆိုပါအစီအစဥ်အတွက် ZENN KYI CHRISTINA KYI CHARITY အမည်ဖြင့် ပေ့ချ်ဖွင့်ကာ လက်မှတ်များရောင်းချ၍ ရန်ပုံငွေရှာဖွေမည်ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဇဏ်ခီက ခရစ်(စ)တီးနားခီကို မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရ ပေးထားသည့် ဆွဲကြိုး နှင့် နားကပ်ကို ရောင်းချပေးမည်ဖြစ်ပြီး လက်မှတ်များဝယ်ယူ၍ ယင်းအစီအစဥ်၌ပါဝင်နိုင်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်မှတ်တစ်စောင်လျှင် ငွေကျပ်တစ်သောင်း သတ်မှတ်ထားကာ အခြားနိုင်ငံများမှ အားပေးလိုသူများအတွက်လည်း ပေ့ချ်၌ အသေးစိတ်ဖော်ပြထားသည်။

လက်ရှိအချိန်သည် အားလုံးပင်ပန်းနေချိန်ဖြစ်သောကြောင့် အလှူငွေမကောက်ခံဘဲ အထက်ပါအစီအစဥ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဇဏ်ခီကပြောသည်။

ဇဏ်ခီတို့ဇနီးမောင်နှံသည် ကိုဗစ်ကာလ အတွင်းကလည်း အခက်အခဲရှိသူများကို ကူညီရန်အတွက် ငွေကျပ်သိန်း ငါးဆယ် မတည်၍ FCPN အမည်ဖြင့် အဖွဲ့ဖွဲ့ကာ အလှူငွေများကောက်ခံ၍ ပြန်လည်လှူဒါန်းပေးခဲ့သည်။

အဆိုပါအစီအစဥ်ကို အပတ်စဥ် ပြုလုပ်မည်ဖြစ်ပြီး ရရှိလာသည့် ငွေအားလုံးကို လိုအပ်သည့်နေရာများသို့ လှူဒါန်းမည်ဟု ဇဏ်ခီကပြောသည်။

“ဒီပရိုဂရမ်ကြီးထွားနိုင်ဖို့ ရှင်သန်နိုင်ဖို့ ရေရှည်သွားနိုင်ဖို့ဆိုရင် အားလုံးရဲ့ပါဝင်ပတ်သတ်မှုလိုပါတယ်။ ဒါကြောင့် ဒီ Charity ပရိုဂရမ်ကို အားလုံးကိုဖိတ်ခေါ်ပါတယ်”ဟု ဇဏ်ခီကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။