Connect with us

Hi, what are you looking for?

News

မြိုင်ရှိ ​ကျေးရွာများကို အကြမ်းဖက်စစ်​ကောင်စီတပ်မီးလိုက်ရှို့​နေ

ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မြိုင်မြို့နယ် ဇီးဖြူစားကောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီး နေအိမ်အချို့အား ဖျက်ဆီးသွားခဲ့သေးသည်။

(မီးရှို့ခံရသည့်သဒွတ်ရွာမြင်ကွင်း)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကျေးရွာနှစ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အများအပြားမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း
နွေဦးတော်လှန်ရေး-မြိုင်က သတင်းထုတ်ပြန်သည်။

(မီးရှို့ခံရသည့်သဒွတ်ရွာမြင်ကွင်း)

ယနေ့(ဇန်နဝါရီလ ၁၆ရက်) နံနက် ၉ နာရီဝန်းကျင်က မြိုင်မြို့နယ်အနောက်ပိုင်းရှိ သဒွတ်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၅လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နွေဦးတော်လှန်ရေး-မြိုင်က အသိပေးသည်။

အလားတူ မြိုင်နယ်အနောက်ပိုင်း ညောင်ပင်လယ်ကျေးရွာကိုလည်း ယနေ့နံနက် ၁၁နာရီဝန်းကျင်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟုအသိပေးထားပြီးပျက်စီးဆုံးရှူံးမှုအခြေအနေမသိရသေးပါ။

(မီးရှို့ခံရသည့်သဒွတ်ရွာမြင်ကွင်း)

အကြမ်းဖက်စစ်တပ်သည် သဒွတ်ရွာအတွင်းသို့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းကစ၍ စစ်ခရွာအတွင်းဝင်ပြီး ရှာဖွေမွှေနှောက်ဖျက်ဆီးခဲ့ပြီးယနေ့နံနက်ပိုင်းတွင် ကျေးရွာရှိနေအိမ်များကိ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာက ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မြိုင်မြို့နယ် ဇီးဖြူစားကောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီး နေအိမ်အချို့အား ဖျက်ဆီးသွားခဲ့သေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီလ ၉ရက်နေ့မှ စတင်ကာ မြိုင်မြို့နယ်နေရာအနှံ့အပြားအား အင်အားအများအပြားသုံး၍ ကျေးရွာများအား ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးခြင်း၊ လုယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။

(မီးရှို့ခံရသည့်သဒွတ်ရွာမြင်ကွင်း)

အကြမ်းဖက်စစ်ကောင်စီ၏ အန္တရာယ်ကြောင့် မြိုင်နယ်အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာအများစုမှ ပြည်သူထောင်ကျော်ဟာ ဘေးလွတ်ရွာ ကျေးရွာများ၊ တောတောင်များတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့တွင် မီးလာချိန်ရေစက်လာတင်သည့် စစ်ကောင်စီတပ်သားနှစ်ဦးအား ပစ်ခတ်ခဲ့ရာ သေဆုံးပြီး သေနတ်နှစ်လက်ရရှိကြောင်း နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ရာ စစ်သားရုပ်အလောင်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့(ဖေဖော်ဝါရီ ၁၁ရက်) ထုတ်ပြန်သည်။

သတင်း

မြိုင်မြို့မှ စစ်ကူလာသည့် အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းကိုလည်း ဖြတ်တောက်တားဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

သတင်း

ကြံးခင်းများမီးလောင်မှုမှာ ဒီဇင်ဘာ ၁၂ရက်က စတင်ဖြစ်ပွားခဲ့ပြီး မီးရှို့သူကို ယနေ့ (ဒီဇင်ဘာ ၁၄ရက်) နံနက်တွင် ဖမ်းမိခြင်းဖြစ်သည်။