Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့တွင် စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် နှစ်လက်ရ

မကွေးတိုင်း၊ မြိုင်မြို့တွင် မီးလာချိန်ရေစက်လာတင်သည့် စစ်ကောင်စီတပ်သားနှစ်ဦးအား ပစ်ခတ်ခဲ့ရာ သေဆုံးပြီး သေနတ်နှစ်လက်ရရှိကြောင်း နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သေဆုံးစစ်ကောင်စီတပ်သား နှစ်ဦးထံမှ သိမ်းရသော သေနတ်နှစ်လက်။ ဓာတ်ပုံ − နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့

ဧပြီ၂၀၊၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့တွင် မီးလာချိန်ရေစက်လာတင်သည့် စစ်ကောင်စီတပ်သားနှစ်ဦးအား ပစ်ခတ်ခဲ့ရာ သေဆုံးပြီး သေနတ်နှစ်လက်ရရှိကြောင်း နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဧပြီ ၂၀ရက်)နံနက် ၆နာရီခွဲခန့်က မြိုင်မြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်းမှ စစ်ကောင်စီတပ်သားနှစ်ဦးအား တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ဆိုသည်။

“မြိုင်မြို့ရဲ့အမြောက်ဘက်အစွန်မှာအထိုင်ချပီးနေ ထိုင်နေတာ။ထိုင်ချနေထိုင်တာက အင်းအား ၂၀ လောက်ရှိတယ်။အထိုင်ချနေထိုင်ရာနေရာကနေ မီးလာတဲ့အချိန်ဆို ရေစက်ရေလာတင်တဲ့အချိန်ကိုစောင့်ပစ်ခဲ့တာပါ”ဟု အထက်ပါ တာဝန်ရှိသူက စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်အား ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အထိုင်ချသည့် နေရာနှင့် ရေစက်တင်ရသည့် နေရာသည် မီတာ ၂၀၀ဝန်းကျင် (ပေ ၆၀၀ ကျော်) အကွာအဝေးရှိကာ တိုက်ပွဲကြာမြင့်ချိန် ၁၅မိနစ်ခန့်ရှိကြောင်းလည်း အသိပေးသည်။

“အထိုင်ကတက်လာတဲ့ကောင်တွေနဲ့ ထိတွေ့မှုဖြစ်သေးတယ်။ဒဏ်ရာလောက်ရမယ်။ကျနော်တို့ဘက်က အထိခိုက်မရှိခဲ့ဘူး”ဟု နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားနှစ်ဦးထံမှ MA-1 တစ်လက်၊ Carbine တစ်လက်နှင့် ကျည်များ သိမ်းဆည်းရရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင်ညီညွတ်​​ရေးတပ်ပေါင်းစုနှင့် ပွိုင့်တစ်ထောင် ဗိုလ်ပြောင်အဖွဲ့တို့ဖြင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့က သီးခြားထုတ်ပြန်သည်။

မြိုင်မြို့နယ်အတွင်းရှိစစ်ကောင်စီနှင့် နောက်လိုက်များကိုလည်း ဆက်လက်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့နှင့်ဝေးရာ ရှောင်ရှားနေထိုင်ရန်လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၂ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။