Connect with us

Hi, what are you looking for?

News

တော်လှန်ရေးအတွက် ပြည်သူများပြင်ဆင်ရမည့် အချက်များ ကနီ PDF ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်နက် ကိုင်များက ကနီမြို့နယ်အတွင်း အကြမ်းဖက် လုပ်ရပ်မျိုးစုံဆောင်ရွက်ခဲ့မှုအခြေအနေများကို ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးအတွက် ပြည်သူများ ကြိုတင်ပြင်ဆင်ကြရမည့် အချက်အလက်များကို ဖော်ပြခဲ့သည်။


စစ်ကောင်စီအဖွဲ့သည် ဧပြီ၁၁ရက်မှ ဇွန်လ ၂၀ရက်အတွင်း ကနီမြို့ပေါ် ရပ်ကွက် ၃ခုနှင့် ကျေးရွာပေါင်း ၅၁ရွာသို့ ဝင်ရောက်၍ ရွှေ၊ ငွေ၊ ဆိုင်ကယ်၊ တန်ဖိုးကြီး ပစ္စည်းများ ဆန်၊ဆီ ပဲ စားနပ်ရိက္ခာများ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ၊ နွား၊ ဆိတ်၊ ကြက်၊ဝက် အိမ်မွေးတိရိစ္ဆာန်များ စသည်တို့ကို အလိုရှိရာ ယူဆောင်သွားသည့်အပြင် လူနေအိမ်များ၊ ကား၊ ဆိုင်ကယ်များကို ဖျက်ဆီးခြင်းများရှိခဲ့ရာ ကျပ်သိန်းပေါင်း ထောင်ချီ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။


ပြည်သူ ၄၂ဦးထက်မနည်း ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်း၊ ပြည်သူ ၄ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူ ၃၉ဦးကို ဖမ်းဆီးထိန်းသိမ်းခြင်းများရှိခဲ့ပြီး ပြည်သူ ငါးသောင်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။ ထိုသို့ ထွက်ပြေးတိမ်းရှောင်စဉ် ၉နှစ်အရွယ် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် အသက်ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။


ကနီမြို့နယ်နှင့်နယ်စပ်ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် တိုက်ပွဲ ၃၀ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၂၇ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။


ကနီမြို့နယ်အတွင်းရှိ ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီး၊ ဖျက်ဆီးခံခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းမှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ မတရားအာဏာသိမ်းခဲ့၍ ဖြစ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာ့နွေဦးတော်လှန်ရေး ဒီမိုကရေစီအောင်ပွဲရသည်အထိ ရရာလက်နက် စွဲကိုင် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ကနီ PDFက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement


ယခုအခါမြန်မာ့နွေဦးတော်လှန်ရေးသည် အောင်ပွဲနီးရန် အရှိန်အဟုန်မြင့်စွာ တိုးတက်ပြောင်းလဲလာသည်ဖြစ်ရာ ပြည်သူများအနေဖြင့် လိုအပ်သော စားနပ်ရိက္ခာ ဆေးဝါးပစ္စည်းများ ပြင်ဆင်ထားကြရန်၊ အရေးပေါ်တိမ်းရှောင်နိုင်ရန် နေရာများ စီမံထားရှိပြီး အရေးကြီးသော အရာများကို အလွယ်တကူ ယူဆောင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရန် ပြည်သူများအား အသိပေးသည်။

ထို့ပြင်ရပ်ကွက်ကျေးရွာများအလိုက် သတင်းမှန်ကင်းထောက်အဖွဲ့ ရပ်ရွာ လုံခြုံရေးအဖွဲ့များထားရှိပြီး စစ်ကောင်စီအကြမ်းဖက်အဖွဲ့နှင့်၎င်းတို့ လက်ကိုင်တုတ်ပျူစောထီးများ၊ ဒလန်များ၊သူလျှိုများ၏ လှုပ် ရှားမှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ လျှို့ဝှက်သတင်းပေး ကူညီကြရန်လည်း တိုက်တွန်း ထားသည်။


တော်လှန်ရေးရဲဘော်များ ရပ်ကွက်ကျေးရွာများသို့ ဝင်ရောက်ပုန်းခိုရန်အကူအညီ တောင်းခံလာပါက ၀ိုင်းဝန်းကူညီပေးကြရန်၊ မသင်္ကာဖွယ်ရာ ပစ္စည်းများ တစုံတရာ တွေ့ရှိပါက မစူးစမ်းကြရန် ၊ မိမိတို့၏ လုံခြုံရေးကို အထူးသတိပြုနေထိုင်ကြရန် ကနီ PDF၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ဆန့်ကျင်တော်လှန်ရာတွင် တက်စွမ်းရာ အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ပေးကြရန်လည်း ပြည်သူများအား တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။