Connect with us

Hi, what are you looking for?

News

ချင်းပြည်ကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်များကို မိုင်းနှင့်ဒရုန်းသုံး၍ တိုက်ခိုက်ခဲ့ဟု CNFပြော

ချင်းပြည်နယ်သို့ လမ်းကြောင်းအသီးသီးမှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့မှ ခုခံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသား တပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ် သေဆုံးမှုများပြီး လက်နက်အချို့ရ၊ ချင်းပြည်မှ စောင့်ကြိုတိုက်ခိုက်ဧည့်ခံသွားမည်ဟု မတူပီ CDF ပြော

ချင်းပြည်နယ်သို့ လမ်းကြောင်းအသီးသီးမှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့မှ ခုခံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသား တပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းဘက်မှတစ်ဆင့် ဖလမ်းမြို့နယ်အတွင်းနှင့် တီးတိန်မြို့နယ်အတွင်းသို့ စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လာ၍ ဒေသခံတော်လှန်ရေးတပ် ပူးပေါင်းအဖွဲ့က တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

ဖလမ်းမြို့နယ်တိုက်ပွဲ၌ ဇန်နဝါရီ ၈ရက်မှ ၁၄ရက်အတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူ ၅၀ခန့် ရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

“အဓိက ကျွန်တော်တို့ဘက်က မိုင်းနဲ့ ဒရုန်းနဲ့ သုံးတာပေါ့။ မိုင်းကွင်းမှာ သူတို့ ၆ကြိမ်လောက်ဝင်တိုးတယ်။ အဲဒါကြောင့် အဲဒီလောက် သူတို့ အထိအခိုက်ရှိတာ။ ကျွန်တော်တို့ဘက်က ဒဏ်ရာရတာလောက်ပဲရှိတယ်” ဟု၎င်းက ပြောသည်။ ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် ဒရုန်းတွင် ဗုံးချိတ်၍ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

တီးတိန်မြို့နယ်တိုက်ပွဲများလည်း ပြင်းထန်ခဲ့ကြောင်း ဆလိုင်းထက်နီက ပြော သည်။

“ကလေးအထွက် မိုင် ၂၀ ခန့်အကွာမှာ တိုက်ပွဲတွေဖြစ်တယ်။ သူတို့ဘက်က ၅ယောက် ၆ယောက် သေတယ် ဒဏ်ရာရတဲ့သူလည်းရှိတယ်။ လက်နက် ၅လက်တော့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ၁ယောက်ကျတာပေါ့။ ၆ယောက်ဒဏ်ရာရတယ်။သူတို့က လေယာဉ်တွေနဲ့ ပစ်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ပြည်သူနှင့် လက်နက်ကိုင်တပ်ကို မခွဲခြားဘဲ ရမ်းသန်းတိုက်ခိုက်နေသည့် အနေအထားရှိသည်ဟုဆိုသည်။ တိုက်ပွဲ၌ စစ်ကောင်စီတပ်များ ထိခိုက်မှုများပါက လေကြောင်း ပစ်ကူရယူလျက်ရှိကြောင်း၊ သို့ရာတွင် ချင်းပြည်နယ်၏ မြေအနေအထားနှင့် ရာသီဥတုအနေအထားအရ လေကြောင်း တိုက်ခိုက်မှုသည် မြေပြန့်နှင့် နှိုင်းယှဉ်ပါက ထိခိုက်မှုများစွာရှိမည်မဟုတ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ ရှေ့ဆက်၍လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

“ တိုက်ပွဲက ပွင့်လင်းရာသီရောက်ပြီး ပြီးတော့ စစ်ကောင်စီအာဏာသိမ်းတာ တစ်နှစ်လည်း ပြည့်တော့မယ်။ သူတို့မှာ ရေရာတဲ့ အောင်မြင်မှု မရှိဘူးဆိုတော့ မဲပြီး ပိုပြီးလုပ်လာဖွယ်ရှိပါတယ်။ စစ်ရေးအနေအထားက ပွင့်လင်းရာသီမှာ ပိုပြီးတော့ ပြင်းထန်လာဖွယ်တော့ရှိတယ်လို့ ယူဆပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မှ မတူပီမြို့နယ်သို့လည်း စစ်အင်အား အလုံးအရင်း ပို့ဆောင်နေကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီတပ် အင်အားတိုးလာခြင်းကြောင့် မြေပြန့်သို့ သွားရောက် တိုက်ခိုက်စရာမလိုဘဲ စောင့်ကြိုတိုက်ခိုက် ဧည့်ခံသွားမည်ဖြစ်ကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။