Connect with us

Hi, what are you looking for?

News

မဟာအောင်မြေမြို့နယ်ရှိ စစ်ကောင်စီတပ် ကင်းအဖွဲ့တိုက်ခိုက်ခံရ၊ လေးဦးခန့်သေနိုင်ဟု JMPDF ထုတ်ပြန်

“ဟုတ်တယ်၊ တပ်စွဲးထားတာပါဗျ။ အုပ်ချုပ်ရေးမှူးရုံးလို နေရာမျိုးပါ”ဟု JMPDF မှ တာဝန် ရှိသူတစ်ဦးက စစ်ကောင်စီ၏အစောင့်ကင်းအဖွဲ့အား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ပြောသည်။

People's Spring
People's Spring

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကင်းစခန်းတစ်ခုအား ယနေ့ (ဇန်နဝါရီ၁၇)ည အစောပိုင်းက တိုက်ခိုက်ခဲ့ကြောင်း Justic Mandalay People Defence Force(JMPDF)က ထုတ်ပြန်သည်။

မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ စစ်ကောင်စီ၏ ကင်းစခန်းတစ်ခုအား ဗုံးပစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဟုတ်တယ်၊ တပ်စွဲးထားတာပါဗျ။ အုပ်ချုပ်ရေးမှူးရုံးလို နေရာမျိုးပါ”ဟု JMPDF မှ တာဝန် ရှိသူတစ်ဦးက စစ်ကောင်စီ၏အစောင့်ကင်းအဖွဲ့အား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်၏ အစောင့်ကင်းမှတပ်သား လေးငါးဦးခန့်လဲကျသွားသည်ကို မျက်မြင် တွေ့ရှိခဲ့ပြီး သေဆုံးသည်အထိ ထိခိုက်နိုင်ကြောင်း JMPDF နှင့်အတူ ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကင်းစောင့်နေ သည်နေရာမှာ အုပ်ချုပ်ရေးပိုင်းနှင့်သက်ဆိုင်သည့် ရုံးတစ်ရုံးဟုတ်၊ မဟုတ် မသိရသေးဘဲ အစည်းအဝေးတစ်ခုခုရှိသောကြောင့် ခေတ္တလုံခြုံရေးယူထားသည့်နေရာမျိုးဖြစ်နိုင်ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။