Connect with us

Hi, what are you looking for?

LuduNwayOo

News

မဟာအောင်မြေမြို့နယ်ရှိ စစ်ကောင်စီတပ် ကင်းအဖွဲ့တိုက်ခိုက်ခံရ၊ လေးဦးခန့်သေနိုင်ဟု JMPDF ထုတ်ပြန်

“ဟုတ်တယ်၊ တပ်စွဲးထားတာပါဗျ။ အုပ်ချုပ်ရေးမှူးရုံးလို နေရာမျိုးပါ”ဟု JMPDF မှ တာဝန် ရှိသူတစ်ဦးက စစ်ကောင်စီ၏အစောင့်ကင်းအဖွဲ့အား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ပြောသည်။

People's Spring
People's Spring

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကင်းစခန်းတစ်ခုအား ယနေ့ (ဇန်နဝါရီ၁၇)ည အစောပိုင်းက တိုက်ခိုက်ခဲ့ကြောင်း Justic Mandalay People Defence Force(JMPDF)က ထုတ်ပြန်သည်။

မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ စစ်ကောင်စီ၏ ကင်းစခန်းတစ်ခုအား ဗုံးပစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဟုတ်တယ်၊ တပ်စွဲးထားတာပါဗျ။ အုပ်ချုပ်ရေးမှူးရုံးလို နေရာမျိုးပါ”ဟု JMPDF မှ တာဝန် ရှိသူတစ်ဦးက စစ်ကောင်စီ၏အစောင့်ကင်းအဖွဲ့အား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်၏ အစောင့်ကင်းမှတပ်သား လေးငါးဦးခန့်လဲကျသွားသည်ကို မျက်မြင် တွေ့ရှိခဲ့ပြီး သေဆုံးသည်အထိ ထိခိုက်နိုင်ကြောင်း JMPDF နှင့်အတူ ပူးတွဲစစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကင်းစောင့်နေ သည်နေရာမှာ အုပ်ချုပ်ရေးပိုင်းနှင့်သက်ဆိုင်သည့် ရုံးတစ်ရုံးဟုတ်၊ မဟုတ် မသိရသေးဘဲ အစည်းအဝေးတစ်ခုခုရှိသောကြောင့် ခေတ္တလုံခြုံရေးယူထားသည့်နေရာမျိုးဖြစ်နိုင်ကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။