Connect with us

Hi, what are you looking for?

News

တန့်ဆည်တွင် စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးစစ်​ကြောင်းကို ပကဖကတိုက်ခိုက်၍ စစ်​ကောင်စီတပ် ၅ဦး​သေ၊ ပကဖ တစ်ဦးကျဆုံး

စစ်ကောင်စီနှင့် ပျုစောထီးဘက်မှ အနည်းဆုံး ငါးဦးကို သုတ်သင်နိုင်ခဲ့သော်လည်း တန့်ဆည် PDF တပ်ရင်း (၁၀)မှ ရဲဘော်တစ်ဦးကျဆုံးသွားခဲ့​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(တန့်ဆည်မြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်​ကြောင်းပြည်သူများ ဆန္ဒထုတ်​​ဖော်ခဲ့ကြစဥ်)

တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးသွားသည်ဟုတန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တန်ဆည် ပ .က.ဖ)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၃၀ခန့်ရှိ​သော စစ်ကြောင်းကို တန့်ဆည်မြို့နယ်သဲစားကျေးရွာ အရှေ့ဘက် ဆည်ဘောင်အနီးတွင်တန့်ဆည် PDF တပ်ရင်း(၁၀)နှင့် မဟာမိတ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ပျုစောထီးဘက်မှ အနည်းဆုံး ငါးဦးကို သုတ်သင်နိုင်ခဲ့သော်လည်း တန့်ဆည် PDF တပ်ရင်း (၁၀)မှ ရဲဘော်တစ်ဦးကျဆုံးသွားခဲ့​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းအားစစ်ကောင်စီတပ်များက​နေ၀ာအနှံတွင်စစ်​ကြောင်းထိုး၍ ဖိနှိပ်ရန်ကြိုးစား​နေ​​သော်လည်း မြို့နယ်အများစုမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ များ ၊​ဒေသခံ PDF များ၊​ပြောက်ကျားတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေ၍ စစ်ကောင်စီအထိနာနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook