တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးသွားသည်ဟုတန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တန်ဆည် ပ .က.ဖ)က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၃၀ခန့်ရှိသော စစ်ကြောင်းကို တန့်ဆည်မြို့နယ်သဲစားကျေးရွာ အရှေ့ဘက် ဆည်ဘောင်အနီးတွင်တန့်ဆည် PDF တပ်ရင်း(၁၀)နှင့် မဟာမိတ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် ပျုစောထီးဘက်မှ အနည်းဆုံး ငါးဦးကို သုတ်သင်နိုင်ခဲ့သော်လည်း တန့်ဆည် PDF တပ်ရင်း (၁၀)မှ ရဲဘော်တစ်ဦးကျဆုံးသွားခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကိုင်းတိုင်းအားစစ်ကောင်စီတပ်များကနေ၀ာအနှံတွင်စစ်ကြောင်းထိုး၍ ဖိနှိပ်ရန်ကြိုးစားနေသော်လည်း မြို့နယ်အများစုမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ များ ၊ဒေသခံ PDF များ၊ပြောက်ကျားတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေ၍ စစ်ကောင်စီအထိနာနေသည်။

Public Service Announcement


















































