Connect with us

Hi, what are you looking for?

News

အရာ​တော်မြို့နယ်၊​ ငွေတွင်း​ကျေးရွာမှ ပျူ​နှင့်စစ်​ကောင်စီတပ်က ရွာသူ၊ ရွာသားများကိုဖမ်းဆီးနှိပ်စက်​နေ

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးအဖွဲ့ဝင်အားကောင်းသော ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်များနှင့်ပူးပေါင်းကာ ရွာသူရွာသားများ၏ ဒေသထွက်ကုန်များအား တစ်ဝက်သိမ်းယူနေသည်ဟု မဟာမိတ်တပ်ပေါင်းစုက အသိပေးထားသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့သည် ရွာသူရွာသားများအား ဖမ်းဆီးနှိပ်စက်မှူများ ပြုလုပ်နေကြောင်း ဒေသခံများက ​ပြောသည်။

ငွေတွင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများသည် ၎င်းတို့မိသားစုဝင်မှလွဲ၍ အခြားကျေးရွာသူ ကျေးရွာသားများကို မထင်လျှင်မထင်သလို ဖမ်းယူစစ်ဆေးနှိပ်စက်လျက်ရှိကြောင်း၊ ငွေတွင်းကျေးရွာမှ အသက် ၄၀ နှစ်အရွယ် အမျိူးသားတစ်ဦးသည် ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးငရဲခန်းတွင် ဖမ်းဆီးနှိပ်စက်ခံရပြီး ၎င်းတို့လက်မှထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း၊ ၎င်းအား သံပင်လုံးဖြင့် ခြေသလုံးကိုလှိမ့်ခြင်း၊ ရေကန်တွင် ရေမွန်းအောင် ရေနှစ် သတ်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း၊ လက်သီးဖြင့် ထိုးနှက်ခြင်းများ ပြုလုပ်နှိပ်စက်ခဲ့ကြသည်ဟု ထွက်ဆိုကြောင်း၊ အလေးသွားဟန်ပြ၍ချောင်ကြိုချောင်ကြားမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ၅ မြို့နယ်မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များသည် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးပြီး နည်းမျိုးစုံဖြင့် နှိပ်စက်မှုများ ပြုလုပ်လာသည့်အတွက် မိမိတို့ဘဝလုံခြုံမှုမရှိတော့ဘဲ နှိပ်စက်အနိုင်ကျင့်မှုမှ လွတ်မြောက်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး ရပ်ရွာရှိစစ်ကောင်စီတပ်နှင့်ပျူစောထီးများကို အမြန်ဆုံးတွန်းလှန်ကြရန် ၅ မြို့နယ်မဟာမိတ်တပ်ပေါင်းစုက တိုက်တွန်းသည်။

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးအဖွဲ့ဝင်အားကောင်းသော ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်များနှင့်ပူးပေါင်းကာ ရွာသူရွာသားများ၏ ဒေသထွက်ကုန်များအား တစ်ဝက်သိမ်းယူနေသည်ဟု မဟာမိတ်တပ်ပေါင်းစုက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် ငွေတွင်းကျေးရွာအပါအဝင် ကျေးရွာငါးရွာက ပျူစောထီးအဖွဲ့ဝင်များအား အခြားကျေးရွာ၊ မြို့နယ်များသို့ ကျူးကျော်ဝင်ရောက်လာပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း မဟာမိတ်တပ်ပေါင်းစုက သတိပေးထားပြီးဇန်နဝါရီလ ၃ ရက်နေ့က အရာတော်မြို့နယ် မင်းရွာနယ်မြေသို့ဝင်ရောက်လာသည့် အင်အား ၁၅ဦးပါ ပျူစောထီးအဖွဲ့ကို ငါးမြို့နယ်မဟာမိတ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် ၃ ဦးခန့်သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။