Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးထက်မနည်း​သေဟု မြို့လှ PDF ထုတ်ပြန်

ကျောက်ကြီးရွာမရောက်မီ လွင်ယားဒေသအနီး၌ မြို့လှ PDF တပ်မှ ဗိုလ်မိုဃ်းကြိုးဦးဆောင်ကာ မိုင်း ၁၆လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ရွှေကူမြို့နယ်ရှိ မြို့လှ PDFတပ်၏ နယ်မြေအတွင်းဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၉ ရက်) နံနက် ၈ နာရီခွဲခန့်က ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာ အင်အား ၆၀ခန့်ရှိသော စစ်ကောင်စီတပ်သည် ရွှေငြိမ်းချမ်းရွာမှတဆင့် ​ ကျောက်ကြီးရွာဖက်သို့ဦးတည်ကာ ခြေလျှင်စစ်ကြောင်းထိုးခဲ့သည်။

ကျောက်ကြီးရွာမရောက်မီ လွင်ယားဒေသအနီး၌ မြို့လှ PDF တပ်မှ ဗိုလ်မိုဃ်းကြိုးဦးဆောင်ကာ မိုင်း ၁၆လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့်ရှိပြီး စစ်​ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေကာအမြောက်အများ ဒဏ်ရာရခဲ့ပြီး မြို့လှ PDF တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၇ ရက်ကလည်း မြို့လှ မြို့ နယ်မြေ အတွင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ထက် မနည်းသေဆုံးကြောင်း မြို့လှ PDF က ယနေ့ထုတ် ပြန်ထားသည်။

ယခုလဆန်းပိုင်းကစ၍ ကချင် နှင့်စစ်ကိုင်းအထက်ပိုင်းတွင် အင်အားဖြည့်တင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မြို့လှ PDF က အကြိမ်ကြိမ် ဆီးကြိုတိုက်ခိုက်ခဲ့သည်။

မြို့လှ PDF ၏ ယခုလအတွင်းထုတ်ပြန်ချက်များအရ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ၈ ကြိမ်ခန့်ရှိခဲ့ကာ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သေဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook