Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် ပျူ​စောထီးသင်တန်းတက်သူများနှင့် ၎င်းတို့မိသားစုဝင်များ သက်ညှာမည်မဟုတ်ဟု ဗိုလ်ပုလဲ​ပြော

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အား အထိနာအောင်တော်လှန်နိုင်နေသည့် ပုလဲမြို့နယ်ကို ယခုလ ကစ၍ တိုက်ခိုက်ရေးရဟတ်ယာဥ်များ အသုံးပြု၍ ပြည်သူများကိုပါပစ်ခတ်မှုများ ရှိနေသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်း ကျေးရွာများမှ ပျူစောထီးသင်တန်းတက်ရောက်သူများနှင့် ၎င်းတို့ မိသားစု၏အသက်အိုးအိမ်ကို သက်ညှာမည်မဟုတ်ကြောင်း Pale Joker PDFအဖွဲ့ ခေါင်းဆောင် ဗိုလ်ပုလဲ က လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်အားစုများစွာရှိနေသည့် ပုလဲမြို့နယ်အတွင်း တန်ပြန်စစ်ဆင်ရေးအတွက် ပျူစောထီးများ သင်တန်းပေးရေး ကြိုပမ်းနေသည်ဟု ၎င်းက ဆိုသည်။

“မနေ့က (ဇန်နဝါရီ ၁၉ရက်)စစ်ကိုင်းတိုင်းပုလဲမြို့နယ် အင်မထီးရွာကို လေယာဥ်နှစ်စီးနဲ့ အကြမ်းဖက်စစ်ခွေးအင်အား ၅၀ကျော်လာချသွားတယ်။ပျူစောထီးသင်တန်းပေးဖို့လို့ သတင်းရရှိထားပါတယ်။အကယ်၍ ပုလဲမြို့နယ်တွင်းကျေးရွာများက ပျူစောထီးသင်တန်းတက်ရောက်မယ့် သူတွေကို ပြင်းပြင်းထန်ထန်သတိပေးလိုတယ်။ သင်တန်းတက်တယ်လို့ သတင်းအတိကျရရှိတာနဲ့ သင်တန်းတက်သူနဲ့ မိသားစုဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံးဝသက်ညှာမှာမဟုတ်ဘူး”ဟု ဗိုလ်ပုလဲက ရှင်းပြသည်။

ယခုလအတွင်း ပုလဲ မြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီ ၏ ထိုးစစ်ကို ကြည့်ပါက စစ်ကောင်စီတပ်သား အင်အား နည်းလာသည်ကို သတိပြုနိုင်သည်ဟုလည်း Pale Headquarters မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

“စကစဟာ လေ​ကြောင်းသုံးပြီး ဦးနှောက်ရွာကိုဝင်စီးတယ်။ နောက်သုံးရက်မြောက်တော့ ပထိုးသာရွာကိုဝင်စီးပြန်တယ် ဒါပေမဲ့သူတို့လိုချင်တဲ့ မိန်းပွိုင့်ကတော့မအောင်မြင်ဘူး။ ပြောချင်တာက ဒီလေကြောင်းတိုက်ခိုက်မှုနဲ့အတူ မြေပြင်ထိုးစစ်ပါချပြီးတိုက်တယ်။ စစ်အင်အားကိုလည်းရာဂဏန်းနီးပါးသုံးတယ်။ ဒါပေမဲ့ စစ်ဆင်ရေးကမအောင်မြင်ပဲ အပြစ်မဲ့အရပ်သားတွေပဲ စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေပဲခံစားကြရတယ်။ပထိုးသာမှာသုံးတဲ့စစ်အင်အားကလည်း ဦးနှောက်မှာသုံးတဲ့စစ်အင်အားကိုပဲ။ လေယာဥ်နဲ့ခေါက်တုန့်ခေါက်ပြန်သယ်ပြီးသုံးနေရတယ်။ သူတို့မှာ အဆင့်မြင့်စစ်လက်နက် အင်အားသာလွန်သော်လည်း အခုစစ်ဆင်ရေးကိုကြည့်ရင် ခွေးအင်အားဟာ အင်မတန်ချို့တဲ့နေတယ်ဆိုတာ သုံးသပ်လို့ရနေပါတယ်”ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အား အထိနာအောင်တော်လှန်နိုင်နေသည့် ပုလဲမြို့နယ်ကို ယခုလ ကစ၍ တိုက်ခိုက်ရေးရဟတ်ယာဥ်များ အသုံးပြု၍ ပြည်သူများကိုပါပစ်ခတ်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်ရှိ စစ်တပ်၏ အမှတ်(၁၀)တပ်မ​တော် တန်းမြင့်​လေ့ကျင့်​ရေးသင်တန်းကျောင်း (တကက-၁၀) တွင်အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်အဖွဲ့မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၃၀ ခန့် ကို စစ်တပ်ကသင်တန်း​ပေးနေကြောင်း စုံစမ်းသိရှိရသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်မြေပြင်စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

ယနေ့ညနေ ၅နာရီခန့်တွင် ရရှိသောသတင်းအရ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဗိုလ်စွမ်းက ဆိုသည်။

သတင်း

၂၀၂၂ကတစ်ကြိမ် အင်မထီးရွာမှာ ပျူစောထီးမိသားစုတစ်စုထွက်ပြေးလာ၍ ထောက်ပံ့ကြေးပေးကာ ဘေးလွတ်ရာသို့ပို့ဆောင်ခဲ့ကြောင်း ကိုဇော်ထက်က ပြောသည်။