Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၀ဦးခန့်သေဟုဆို

တိုက်ခိုက်ခံရသည့် ၎င်းစစ်ကြောင်းသည် ယမန်နေ့ညနေပိုင်းတွင် ရေကြည်ဝရွာမှ ပလိုင်းရွာဘက်သို့ ပြန်ဆုတ်သွားရာ ပလိုင်းရွာအထွက် ရွှေဘို-ချီပါ-မဲတော-ပလိုင်လမ်း၌ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES PDF(SHWEBO)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာများသို့ စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ မြို့နယ်မှ မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုဖြစ်သည့် SNAKE EYES-PDF(SHWEBO)က ယနေ့(ဇန်နဝါရီ ၂၀)ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၁၉)နံနက်အစောပိုင်း ၁ နာရီ ၄၅ခန့်က ပလိုင်းရွာမှထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းအား သန်းတောရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ခံရသည့် ၎င်းစစ်ကြောင်းသည် ယမန်နေ့ညနေပိုင်းတွင် ရေကြည်ဝရွာမှ ပလိုင်းရွာဘက်သို့ ပြန်ဆုတ်သွားရာ ပလိုင်းရွာအထွက် ရွှေဘို-ချီပါ-မဲတော-ပလိုင်လမ်း၌ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES PDF(SHWEBO)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကားသုံးစီးမှာ တစ်စီး‌မီးလောင်သွားတယ်လို့သတင်းရတယ်ဗျ။ ထိခိုက်ကျဆုံးသတင်း‌ကိုတော့ အတည်ပြုဆဲနေဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် တည်ပင်ရွာမှ ကင်းတဲတချို့ကိုမီးရှို့ဖျက်ဆီးခြင်း၊ ရွှေဘို-မူဆိပ်ခွန်-မူးကမ်းကြီး လမ်းပေါ်၌ လမ်းသွားလမ်းလာများအားစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀ နီးပါးပါဝင်သော စစ်ကောင်စီတပ်များ သည် ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ထူးကြီး၊ တည်ပင်၊ ရေကြည်ဝ၊ သန်းတောရွာစသည့်ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံပြည်သူ ၄၀၀၀ ခန့် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရကြောင်း ဒေသကာ ကွယ်ရေးတပ်များက အတည်ပြုထားသည်။

အထက်ပါတိုက်ခိုက်မှုများကို SNAKE EYES- PDF (SHWEBO)၊ C&T(SHWEBO)နှင့် မြို့နယ် ပ.က.ဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။