Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၀ဦးခန့်သေဟုဆို

တိုက်ခိုက်ခံရသည့် ၎င်းစစ်ကြောင်းသည် ယမန်နေ့ညနေပိုင်းတွင် ရေကြည်ဝရွာမှ ပလိုင်းရွာဘက်သို့ ပြန်ဆုတ်သွားရာ ပလိုင်းရွာအထွက် ရွှေဘို-ချီပါ-မဲတော-ပလိုင်လမ်း၌ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES PDF(SHWEBO)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာများသို့ စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ မြို့နယ်မှ မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုဖြစ်သည့် SNAKE EYES-PDF(SHWEBO)က ယနေ့(ဇန်နဝါရီ ၂၀)ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၁၉)နံနက်အစောပိုင်း ၁ နာရီ ၄၅ခန့်က ပလိုင်းရွာမှထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းအား သန်းတောရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ခံရသည့် ၎င်းစစ်ကြောင်းသည် ယမန်နေ့ညနေပိုင်းတွင် ရေကြည်ဝရွာမှ ပလိုင်းရွာဘက်သို့ ပြန်ဆုတ်သွားရာ ပလိုင်းရွာအထွက် ရွှေဘို-ချီပါ-မဲတော-ပလိုင်လမ်း၌ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES PDF(SHWEBO)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကားသုံးစီးမှာ တစ်စီး‌မီးလောင်သွားတယ်လို့သတင်းရတယ်ဗျ။ ထိခိုက်ကျဆုံးသတင်း‌ကိုတော့ အတည်ပြုဆဲနေဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် တည်ပင်ရွာမှ ကင်းတဲတချို့ကိုမီးရှို့ဖျက်ဆီးခြင်း၊ ရွှေဘို-မူဆိပ်ခွန်-မူးကမ်းကြီး လမ်းပေါ်၌ လမ်းသွားလမ်းလာများအားစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀ နီးပါးပါဝင်သော စစ်ကောင်စီတပ်များ သည် ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ထူးကြီး၊ တည်ပင်၊ ရေကြည်ဝ၊ သန်းတောရွာစသည့်ကျေးရွာများသို့ စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံပြည်သူ ၄၀၀၀ ခန့် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရကြောင်း ဒေသကာ ကွယ်ရေးတပ်များက အတည်ပြုထားသည်။

အထက်ပါတိုက်ခိုက်မှုများကို SNAKE EYES- PDF (SHWEBO)၊ C&T(SHWEBO)နှင့် မြို့နယ် ပ.က.ဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။