Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အေဂျင်စီသစ် ပေါ်ထွန်းလာရေး ဆော်ဩသွားမယ်လို့ အင်ဒို သမ္မတပြော

G20မှာ အင်ဒိုနီးရှားရဲ့ ဥက္ကဋ္ဌ တာဝန်ယူမှုဟာ ကမ္ဘာ့ကျန်းမာရေးကဏ္ဍ တည်ဆောက်မှုကို အားဖြည့်နိုင်ရေး တောင်းဆို တိုက်တွန်းဖို့ အဓိက ဖြစ်လာနိုင်ကြောင်း၊ ဒီအတွက်လည်း တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ အေဂျင်စီတစ်ခု ရှိဖို့လိုကြောင်း ဝီဒိုဒိုက ဖိုရမ်မှာ ထည့်သွင်း ဆွေးနွေးသွားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အေဂျင်စီ အသစ်တစ်ခု ပေါ်ထွန်းလာရေးအတွက် ဦးဆောင် တိုက်တွန်းသွားမယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားသွားပါတယ်။

G20 ညီလာခံမှာ အင်ဒိုက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမယ့် အချိန်မှာ အခုကိစ္စကို အလေးပေး ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ဂျိုကိုကိုက ကမ္ဘာ့စီးပွားရေး အွန်လိုင်း ဖိုရမ်မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီ အေဂျင်စီ အသစ်ဟာ တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေး ကိုယ်ခံအားကို ပိုမို မြှင့်တင်ပေးမှာ ဖြစ်သလို အကျပ်အတည်း ကာလတွေမှာလည်း ပိုပြီး ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း၊ ပိုပြီး တာဝန်ယူနိုင်စွမ်းမျိုး ရှိစေချင်တယ်လို့ သူက ဆိုတယ်။

G20မှာ အင်ဒိုနီးရှားရဲ့ ဥက္ကဋ္ဌ တာဝန်ယူမှုဟာ ကမ္ဘာ့ကျန်းမာရေးကဏ္ဍ တည်ဆောက်မှုကို အားဖြည့်နိုင်ရေး တောင်းဆို တိုက်တွန်းဖို့ အဓိက ဖြစ်လာနိုင်ကြောင်း၊ ဒီအတွက်လည်း တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ အေဂျင်စီတစ်ခု ရှိဖို့လိုကြောင်း ဝီဒိုဒိုက ဖိုရမ်မှာ ထည့်သွင်း ဆွေးနွေးသွားပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ စီမံ ဆောင်ရွက်မှုတွေဟာ ကိုဗစ် ကပ်ရောဂါ ကာလမှာ အကန့်အသတ်တွေ အရမ်းများနေတာ တွေ့နိုင်ကြောင်းလည်း သူက ထောက်ပြပါတယ်။ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ မဟာဗျူဟာ ရှုထောင့် တော်တော်များများမှာ WHOရဲ့ အခန်းကဏ္ဍက အလျဉ်မီအောင် ဖြည့်ဆည်းနိုင်ဖို့ ခက်ခဲနေဆဲလို့ အင်ဒို သမ္မတက ပြောပါတယ်။ အင်ဒိုမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၄၄၀၀၀ ကျော် ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှားဟာ G20 ညီလာခံရဲ့ ဥက္ကဋ္ဌ တာဝန်ကို အခုနှစ်မှာ ပထမဆုံးအကြိမ် ရယူခဲ့တာပါ။ ညီလာခံရဲ့ အဓိက ရည်မှန်းချက်ဟာ ကပ်ရောဂါ ကာလအလွန် စီးပွားရေး ပြန်လည် ထူထောင်မှု မူဝါဒတွေကို လေးလေးနက်နက် ဆွေးနွေးနိုင်ရေး ဖြစ်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါသည် တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတခုဖြစ်ပြီး အသက်အရွယ်မရွေး လူတိုင်းအတွက် အန္တရာယ်ရှိနေသည့် အခြေအနေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီ (IARC) တို့မှ ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါအခြေအနေဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။