Connect with us

Hi, what are you looking for?

News

မုံရွာမြို့ပေါ် နေရာအနှံ့ ဗုံး​ပေါက်

စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီတပ် တပ်စွဲရာအနီးတဝိုက်နေရာများအား မြို့ပြပျောက်ကြားအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မုံရွာမြို့ အမှတ်(၂)ရဲစခန်း၊ ကမ္ဘောဇဘဏ်ခွဲသုံးခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်တစ်လုံးနှင့် ဆည်မြောင်းရုံးတို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုံရွာမြို့ပေါ် နေရာအနှံ့တွင် ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသကာကွယ်ရေးမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို Monywa Nightking၊ ACF Monywa နှင့် Monywa Phoenix Warrior စသည့် တော်လှန်ရေးညီနောင်သုံးဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၃ နေရာထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီတပ် တပ်စွဲရာအနီးတဝိုက်နေရာများအား မြို့ပြပျောက်ကြားအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မုံရွာမြို့ အမှတ်(၂)ရဲစခန်း၊ ကမ္ဘောဇဘဏ်ခွဲသုံးခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်တစ်လုံးနှင့် ဆည်မြောင်းရုံးတို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်များသည် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့တောင်ဘက် မအူကျေးရွာနှင့် လယ်ဇင်းကျေးရွာများသို့ဝင်ရောက်ပြီး နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့်အပေါ် တုန့်ပြန်သောအားဖြင့် မုံရွာမြို့ပေါ်၌ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း မဟာမိတ်သုံးဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ခိုက်မှုအတွင်း ကမ္ဘောဇဘဏ်ခွဲများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ အဆိုပါဘဏ်သည် တော်လှန်ရေးနှင့်ဆက်စပ်သည့် Kpay အကောင့်များအား စစ်ကောင်စီအလိုကျ ပိတ်ပင်မှုများပြုလုပ်နေခြင်းကြောင့်ဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဥ်များကြောင့် မုံရွာမြို့တွင်းမြို့ပြင် တင်းကျပ်စွာစစ်ဆေးနေပြီးမုံရွာ-မန္တလေးလမ်း၊ မြေနဲရွာနှင့် မအူရွာကြားရှိ လမ်းမကြီး၏အနောက်ဖက် တောတဲများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် တောင်သူလုပ်ကိုင်နေသူများလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။