Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ ဖရူဆို PDFထံ လာ​ရောက်ပူး​ပေါင်း

CDM ဝင်လာသည့် တပ်ကြပ်အနေဖြင့် စစ်အာဏာရှင်များကို ပြန်လည်တိုက်ခိုက်တော်လှန်သွားမည်ဟုလည်း ပြောကြားကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ တပ်ကြပ်ရာထူးရှိတစ်ဦး လက်နက်နှင့်အတူလာရောက်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာကြောင်း ဖရူဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန်သည်။

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်အခြေစိုက် စကစတပ်ရင်းတစ်ခုမှ (၄၉)နှစ်အရွယ် တပ်ကြပ်တစ်ဦးသည် ဇန်နဝါရီ၂၂ ရက်တွင် ဖရူဆို PDFထံ သေနက်တစ်လက်၊ ကျည် ၁၀၁တောင့်၊ကျည်အိမ် ​လေးခု၊လက်ပစ်ဗုံးသုံးလုံးဖြင့် CDM ဝင်ရောက်လာခဲ့၍ ဆုကြေးငွေများ ချီးမြှင့်ပြီး ကောင်းမွန်စွာလုံခြုံသည့်နေရာသို့ ပို့ဆောင်ထားသည်ဟု ဖော်ပြထားသည်။

အဆိုပါ တပ်ကြပ် CDM ဝင်ရောက်လာခြင်းမှာ စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ် မိုဆိုရွာအနီး၌ စစ်ရှောင်ပြည်သူ အချို့ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ စစ်ရှောင်စခန်းရှိ ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကြဲသတ်ဖြတ်သည့် ဖြစ်ရပ်တို့ကို သိရှိရပြီး စစ်အာဏာ ရှင်၏ မတရားလုပ်ရပ်များအပေါ် စိတ်နာ၍ ဖြစ်ကြောင်း ကာယကံရှင်က ပြောကြားသည်ဟု ဖရူဆို PDFက ထုတ်ပြန်သည်။

CDM ဝင်လာသည့် တပ်ကြပ်အနေဖြင့် စစ်အာဏာရှင်များကို ပြန်လည်တိုက်ခိုက်တော်လှန်သွားမည်ဟုလည်း ပြောကြားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ