Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအား တရားဝင်မှုပေးနေခြင်းများရပ်တန့်ရန် BIMSTEC အဖွဲ့ဝင်နိုင်ငံများကို Justice for Myanmar တောင်းဆို

မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ယင်းတရားမဝင်စစ်ကောင်စီကို အခြားမည်သည့် ကမ္ဘာ့ဖိုရမ်ကမျှ မြန်မာနိုင်ငံကို ကိုယ်စားပြုရန် လူထုထောက်ခံချက် ရရှိထားခြင်းမရှိပေ။

BIMSTECအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်ကောင်စီအား တရားဝင်မှုပေးအပ်နေခြင်းများကို ချက်ချင်း ရပ်တန့်ရန် Justice For Myanmar က ယနေ့ (ဇန်နဝါရီ ၂၃ ရက်) တောင်းဆိုထုတ်ပြန်သည်။

မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ယင်းတရားမဝင်စစ်ကောင်စီကို အခြားမည်သည့် ကမ္ဘာ့ဖိုရမ်ကမျှ မြန်မာနိုင်ငံကို ကိုယ်စားပြုရန် လူထုထောက်ခံချက် ရရှိထားခြင်းမရှိပေ။

သို့သော် အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနှင့် သီရိလင်္ကာတို့ပါဝင်သော BIMSTECသည် လာမည့် မတ်လ ၃၀ရက်တွင် သီရိလင်္ကာ၌ (၅)ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကျင်းပရန် ပြင်ဆင်နေပြီး မြန်မာနိုင်ငံက အစည်း အဝေးတက်ရောက်ရန် အတည်ပြုပြီးကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများက ဖော်ပြသည်။

“BIMSTEC အနေနဲ့ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း တရားမဝင်မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံခဲ့ကြပြီး အခုထိပ်သီးအစည်းအဝေးမှာ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတက်ရောက်လာမယ့် အန္တရာယ်ကြီးတစ်ရပ် ရှိနေပါတယ်” ဟု Justice for Myanmar က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်တက်ရောက်ခွင့်ရရှိပါက BIMSTEC သည် ကုလသမဂ္ဂနှင့် အာဆီယံတို့ကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးနှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီ စိတ်ဆန္ဒအပေါ် စိတ်ပျက်ဖွယ်ရာ လျစ်လျူရှုမှုဖြစ်လာမည်ဟု Justice for Myanmar က သတိ ပေးသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သံတမန်ခန့်အပ်ရန် ကြိုးပမ်းမှုများကို ကုလသမဂ္ဂက ငြင်းဆိုထားပြီး အာဆီယံကလည်း ပြီးခဲ့သည့် ၎င်းတို့၏ ထိပ်သီး ညီလာခံကို မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပေးခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။