Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီအား တရားဝင်မှုပေးနေခြင်းများရပ်တန့်ရန် BIMSTEC အဖွဲ့ဝင်နိုင်ငံများကို Justice for Myanmar တောင်းဆို

မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ယင်းတရားမဝင်စစ်ကောင်စီကို အခြားမည်သည့် ကမ္ဘာ့ဖိုရမ်ကမျှ မြန်မာနိုင်ငံကို ကိုယ်စားပြုရန် လူထုထောက်ခံချက် ရရှိထားခြင်းမရှိပေ။

BIMSTECအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်ကောင်စီအား တရားဝင်မှုပေးအပ်နေခြင်းများကို ချက်ချင်း ရပ်တန့်ရန် Justice For Myanmar က ယနေ့ (ဇန်နဝါရီ ၂၃ ရက်) တောင်းဆိုထုတ်ပြန်သည်။

မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ယင်းတရားမဝင်စစ်ကောင်စီကို အခြားမည်သည့် ကမ္ဘာ့ဖိုရမ်ကမျှ မြန်မာနိုင်ငံကို ကိုယ်စားပြုရန် လူထုထောက်ခံချက် ရရှိထားခြင်းမရှိပေ။

သို့သော် အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းနှင့် သီရိလင်္ကာတို့ပါဝင်သော BIMSTECသည် လာမည့် မတ်လ ၃၀ရက်တွင် သီရိလင်္ကာ၌ (၅)ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကျင်းပရန် ပြင်ဆင်နေပြီး မြန်မာနိုင်ငံက အစည်း အဝေးတက်ရောက်ရန် အတည်ပြုပြီးကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများက ဖော်ပြသည်။

“BIMSTEC အနေနဲ့ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း တရားမဝင်မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံခဲ့ကြပြီး အခုထိပ်သီးအစည်းအဝေးမှာ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတက်ရောက်လာမယ့် အန္တရာယ်ကြီးတစ်ရပ် ရှိနေပါတယ်” ဟု Justice for Myanmar က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်တက်ရောက်ခွင့်ရရှိပါက BIMSTEC သည် ကုလသမဂ္ဂနှင့် အာဆီယံတို့ကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးနှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီ စိတ်ဆန္ဒအပေါ် စိတ်ပျက်ဖွယ်ရာ လျစ်လျူရှုမှုဖြစ်လာမည်ဟု Justice for Myanmar က သတိ ပေးသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သံတမန်ခန့်အပ်ရန် ကြိုးပမ်းမှုများကို ကုလသမဂ္ဂက ငြင်းဆိုထားပြီး အာဆီယံကလည်း ပြီးခဲ့သည့် ၎င်းတို့၏ ထိပ်သီး ညီလာခံကို မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပေးခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။