Connect with us

Hi, what are you looking for?

News

စျေးသူ၊​ စျေးသားများအ​ပေါ် မတရားအခွန်​ကောက်​နေသည့် သီရိမင်္ဂလာ​စျေးကို ဗုံး​ဖောက်ခွဲသတိ​ပေး

D.R.F အဖွဲ့ကို ပြီးခဲ့သည့်နှစ် သြဂုတ် ၂၅ တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည်။

လူမိုက်များ​မွေးပြီး သတင်း​ပေး​နေသူလည်း အသတ်ခံရ

ဈေးသူ၊ဈေးသားများအပေါ် စစ်ကောင်စီအဖွဲ့နှင့်ပေါင်း၍ မတရားအခွန်ကောက်နေသည့် သီရိမင်္ဂလာဈေးသစ်စည်ပင်ရုံးကို ဗုံးဖောက်ခွဲ၍ နောက်ဆုံးအကြိမ်သတိပေးခဲ့ကြောင်း အာဏာရှင်တော်လှန် ရေးတပ်ဦး (D.R.F) အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

“ဈေးသူ၊ဈေးသားတွေအပေါ် မတရားသဖြင့် အခွန်တွေကောက် ၊ လူမိုက်တွေဖွဲ့ပြီး ဈေးနားပတ်လည် လောင်းကစားဝိုင်းတွေဖွဲ့ ၊ ပထမတစ်ခေါက်တုန်းကလည်း ရဲခွေး ၊ စစ်ခွေးနဲ့ စည်ပင်ပေါင်းပြီး ဈေးသူ ၊ဈေးသားပိုက်ဆံတွေ မတရားသဖြင့် ခိုးယူမှုခံခဲ့ရပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီ ၂၃ ရက် ည ၆ နာရီ ၄၃ မိနစ်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးတွင် ဈေး၌ လူမိုက်များမွေး၍ စစ်ကောင်စီသတင်းပေးလုပ်နေသည့် ကျော်ဝင်းကိုလည်း သေနတ်ဖြင့် ငါးချက်ပစ်၍ ရှင်းလင်းခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါဈေးစည်ပင်အနေဖြင့် ဈေးသူ၊ဈေးသားများအ​ပေါ် အခွန် မတရားကောက်ခြင်း ၊ စစ်ကောင်စီအဖွဲ့နှင့်ပေါင်း၍ အေးဓားမြတိုက်ခြင်းများထပ်မံပြုလုပ်ပါက ယခုထက်ပြင်းထန်သည်ပ အရေးယူမှုပြုလုပ်မည်ဟု D.R.F အဖွဲ့က သတိပေးထားသည်။

D.R.F အဖွဲ့ကို ပြီးခဲ့သည့်နှစ် သြဂုတ် ၂၅ တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

သတင်း

​တောင်သာနယ်သည် ယခင်စစ်အစိုးရလက်ထက် စက်မှုဝန်ကြီး​ဟောင်း ဦး​အောင်​သောင်၏ ဇာတိနယ်ဖြစ်သည်။ထို​ကြောင့် အစဥ်အဆက် ပြည်ခိုင်ဖြိုး အား​ကောင်း​​သော​ဒေသဖြစ်​သော်လည်း ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ​တောင်သာနယ်တွင်ပင် ပြည်ခိုင်ဖြိုးရှုံးနိမ့်ပြီး ဒီချုပ်အနိုင်ရခဲ့သည်။

သတင်း

ဒေါညေးခူးစစ်ကြောင်းတွင်တပ်မ ၅၅ နှင့်တပ်မ ၆၆ လက်​အောက်ခံ ခလရ ၁၂ ၊ ခမရ ၅၁၆ ၊ ခမရ ၅၁၅ တပ်ရင်း သုံးရင်းပါရှိ​ကြောင်းသိရသည်။