လူမိုက်များမွေးပြီး သတင်းပေးနေသူလည်း အသတ်ခံရ
ဈေးသူ၊ဈေးသားများအပေါ် စစ်ကောင်စီအဖွဲ့နှင့်ပေါင်း၍ မတရားအခွန်ကောက်နေသည့် သီရိမင်္ဂလာဈေးသစ်စည်ပင်ရုံးကို ဗုံးဖောက်ခွဲ၍ နောက်ဆုံးအကြိမ်သတိပေးခဲ့ကြောင်း အာဏာရှင်တော်လှန် ရေးတပ်ဦး (D.R.F) အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ဈေးသူ၊ဈေးသားတွေအပေါ် မတရားသဖြင့် အခွန်တွေကောက် ၊ လူမိုက်တွေဖွဲ့ပြီး ဈေးနားပတ်လည် လောင်းကစားဝိုင်းတွေဖွဲ့ ၊ ပထမတစ်ခေါက်တုန်းကလည်း ရဲခွေး ၊ စစ်ခွေးနဲ့ စည်ပင်ပေါင်းပြီး ဈေးသူ ၊ဈေးသားပိုက်ဆံတွေ မတရားသဖြင့် ခိုးယူမှုခံခဲ့ရပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ဇန်နဝါရီ ၂၃ ရက် ည ၆ နာရီ ၄၃ မိနစ်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
ယင်းစစ်ဆင်ရေးတွင် ဈေး၌ လူမိုက်များမွေး၍ စစ်ကောင်စီသတင်းပေးလုပ်နေသည့် ကျော်ဝင်းကိုလည်း သေနတ်ဖြင့် ငါးချက်ပစ်၍ ရှင်းလင်းခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါဈေးစည်ပင်အနေဖြင့် ဈေးသူ၊ဈေးသားများအပေါ် အခွန် မတရားကောက်ခြင်း ၊ စစ်ကောင်စီအဖွဲ့နှင့်ပေါင်း၍ အေးဓားမြတိုက်ခြင်းများထပ်မံပြုလုပ်ပါက ယခုထက်ပြင်းထန်သည်ပ အရေးယူမှုပြုလုပ်မည်ဟု D.R.F အဖွဲ့က သတိပေးထားသည်။
D.R.F အဖွဲ့ကို ပြီးခဲ့သည့်နှစ် သြဂုတ် ၂၅ တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည်။


















































