Connect with us

Hi, what are you looking for?

News

စစ်​​ကောင်စီတပ်က ဒီး​မော့ဆိုသို့ အင်အားအများအပြားဖြင့် စစ်​ကြောင်းထိုးရန် ပြင်ဆင်​နေ

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး ကရင်နီ တပ်မတော်ဘက်မှ ရဲဘော်တစ်ဦးမစိုးရိမ်ရသော ဒဏ်ရာရခဲ့ကြောင်း ကရင်နီတပ်မတော် KNDF က ထုတ်ပြန်ထားသည်။

ယမန်​နေ့ကလည်း ဒီး​မော့ဆိုတွင် တစ်​နေကုန် တိုက်ပွဲဖြစ်

ကရင်နီ(ကယား)ပြည်နယ် ဒီး​မော့ဆိုမြို့သို့ အကြမ်းဖက်စစ်​ကောင်စီတပ်က အင်အား ၇၀၀ခန့်ပါ စစ်​ကြောင်းနှစ်​ခုဖြင့် စစ်ကြောင်းထိုးရန်ပြင်ဆင်နေသည်ဟု ဒီးမော့ဆို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ကရင်နီပြည်နယ်၏ နယ်မြေဗျူဟာအရ ဒီးမောဆို မြို့နယ်မှာ အရေးကြီးသည့်အတွက် ထိန်းချုပ်ရန် ပြင်ဆင်ခြင်းသို့မဟုတ် ကရင်နီပြည်နယ်ရှိ အခြား မြို့နယ်များသို့ လျင်မြန်စွာစစ်ကူပေးရန်အကြမ်း ဖက်စစ်ကောင်စီဘက်မှ ကြိုးစားနေသည်ဟု ၎င်းက သုံးသပ်သည်။

“နေ့စဥ်နဲ့ အမျှတိုက်ပွဲ အကြီး၊အသေးတွေက ရှိနေတယ်။မနေ့ကဆို အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်း တက်လာတာကို သတင်းရလို့ စောင့်ကြည့်ထားတယ်။ကျွန်တော်တို့ဘက်လည်း အဆင်သင့် လုပ်ထားတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍ ၎င်းက”ဘောလခဲနဲ့ တခြားနယ်မြို့တွေမှာ စစ်တပ်ရဲ့ ရှေ့စခန်းတွေ ရိက္ခာမရှိကြတော့ဘူးဆိုတာ ကျွန်တော်တို့သိထားရတယ်”ဟု ရှင်းပြသည်။

ယမန်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် စံပြ(၆) မိုင်ကျေးရွာအုပ်စု ဟိုဖိတ်ကျေးရွာနှင့် စိုက်ကွင် (၂) ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ နံနက် ၈နာရီမှ ည ၆နာရီအထိ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး ကရင်နီ တပ်မတော်ဘက်မှ ရဲဘော်တစ်ဦးမစိုးရိမ်ရသော ဒဏ်ရာရခဲ့ကြောင်း ကရင်နီတပ်မတော် KNDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook