Connect with us

Hi, what are you looking for?

News

KIA နှင့် PDF ပေါင်းတိုက်သည့် ကသာ တိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် နမ့်စမ်းကျေးရွာအနီးတွင် ယနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အကျအဆုံးများပြားကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲကို မဟာမိတ်တပ်ဖွဲ့ ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIA)နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၄နာရီမှ ၁၁နာရီအထိ ၇ နာရီခန့် ကြာမြင့်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အဆိုပါဒေသရှိ ကျေးရွာများမှ နေအိမ်အချို့ ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်ခဲ့ရပြီးအချို့မှာ မြို့ပေါ်သို့ရောက်ရှိနေသည်ဟု ကသာမြို့ခံတစ်ဦးက ပြောသည်။အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသသည် ကသာ – ဗန်းမော်လမ်းကြောင်းတွင်တည်ရှိပြီး မြို့နှင့် ၁၇မိုင်ခန့်ဝေးကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် မြို့ပေါ်၌ စစ်ကောင်စီလက်နက်ကိုင်မှား လှည့်လည်နေသည်ကို တွေ့ရကြောင်းလည်း ကသာမြို့ခံကပြောသည်။

Public Service Announcement

Public Service Announcement

ကသာ PDF၏ ထုတ်ပြန်ချက်တွင် ၎င်းတို့ အနေဖြင့် ကျေးရွာများမထိခိုက်အောင် တောတွင်းမှ စစ်ဆင်ရေး လုပ်သော်လည်း စစ်ကောင်စီ လက်နက်ကိုင်များသည် မဆိုင်သည့်ကျေးရွာများကိုလက်နက်ကြီးဖြင့်တမင်ပစ်ခတ်ခဲ့ကြောင်း၊ မှတိတိုင်ကျေးရွာတွင်လည်း လူသားဒိုင်းအသွင်ဖြင့်အများနှင့်ဆိုင်သောနေရာများတွင်တပ်စွဲလျက်ရှိနေကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။