စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ ရဲစခန်းနှစ်ခုအား ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်စဉ် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းနှင့်ပြန်ကြားရေး PVTVက ယနေ့ ထုတ်ပြန်သည်။
ဇန်နဝါရီ ၂၂ ရက်က ဖောင်းပြင်မြို့နယ် မိုင်းချောင်း နှင့် ရေအောက်တောင်း ရဲစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ရာ စခန်းမှူးအပါအဝင် ရဲတပ်သား ၈ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟုသိ့ရသည်။
အဆိုပါ စခန်း (၂) ခုမှ လက်နက်ငယ် ၁၁လက်နှင့် ကျည်များ၊ လက်ကိုင်ဖုန်း ၁၂ လုံး၊ ကွန်ပြူတာ ၂ လုံး(laptop)၊ စကားပြောစက် ၂လုံး၊ အင်ဗာတာ ၁ လုံး၊ လက်ထိပ် ၅ စုံ ၊ ဓားရှည် ၁ လက် နှင့် ငွေသား ကျပ် ၂၁သိန်းကျော် သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။