Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ်-မတူပီလမ်း (၁၆)မိုင်ကြား သွားလာခြင်းမပြုရန် သတိ​ပေး

မင်းတပ်မြို့အနောက်ရပ်ကွက်နှင့် အနီးအနားကျေးရွာရှိပြည်သူများအနေဖြင့်လည်း တောလမ်းမှသော်လည်းကောင်း၊ ကားလမ်းမှသော် လည်း ကောင်း(၁၆) မိုင်ဘက် သွားလာခြင်းမပြုကြရန်လည်း ထပ်လောင်းသတိပေးသည်။

ချင်းပြည်နယ် မင်းတပ်မြို့နှင့် မင်းတပ်-မတူပီလမ်း (၁၆)မိုင်အကြား သွားလာခြင်းမပြုရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၇ ရက်)တွင် ထုတ်ပြန်သည်။

“မင်းတပ်မြို့နေ ပြည်သူများအနေဖြင့် ယနေ့ (Jan 27 ရက်) နေ့လည် ၁၂ နာရီမှစ၍ လုံခြုံဘေးကင်းမှုမရှိသောကြောင့် မင်းတပ်မြို့နဲ့ ၁၆ မိုင်အကြား သွား လာခြင်း မပြုကြပါရန် ပန်ကြားအပ်ပါသည်”ဟု မင်းတပ်မြို့နယ် ပ.အ.ဖ က ဆိုသည်။

မင်းတပ်မြို့အနောက်ရပ်ကွက်နှင့် အနီးအနားကျေးရွာရှိပြည်သူများအနေဖြင့်လည်း တောလမ်းမှသော်လည်းကောင်း၊ ကားလမ်းမှသော် လည်း ကောင်း(၁၆) မိုင်ဘက် သွားလာခြင်းမပြုကြရန်လည်း ထပ်လောင်းသတိပေးသည်။

ပြန်လည်သွားလာရန် ဘေးကင်းသောအချိန်ကို ပ.အ.ဖ နှင့် CDF တို့မှ ပြန်လည်ကြေညာပေးမည်ဟုလည်း မင်းတပ်မြို့နယ် ပ.အ.ဖ က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းသည် ယခုလဆန်းပိုင်းကစ၍ မင်းတပ်မြို့ကို စစ်ထိုးရန် စတင်ပြင်ဆင်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားလျက်ရှိကြောင်း CDF မင်းတပ်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။