Connect with us

Hi, what are you looking for?

News

မင်းတပ်-မတူပီလမ်း (၁၆)မိုင်ကြား သွားလာခြင်းမပြုရန် သတိ​ပေး

မင်းတပ်မြို့အနောက်ရပ်ကွက်နှင့် အနီးအနားကျေးရွာရှိပြည်သူများအနေဖြင့်လည်း တောလမ်းမှသော်လည်းကောင်း၊ ကားလမ်းမှသော် လည်း ကောင်း(၁၆) မိုင်ဘက် သွားလာခြင်းမပြုကြရန်လည်း ထပ်လောင်းသတိပေးသည်။

ချင်းပြည်နယ် မင်းတပ်မြို့နှင့် မင်းတပ်-မတူပီလမ်း (၁၆)မိုင်အကြား သွားလာခြင်းမပြုရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၇ ရက်)တွင် ထုတ်ပြန်သည်။

“မင်းတပ်မြို့နေ ပြည်သူများအနေဖြင့် ယနေ့ (Jan 27 ရက်) နေ့လည် ၁၂ နာရီမှစ၍ လုံခြုံဘေးကင်းမှုမရှိသောကြောင့် မင်းတပ်မြို့နဲ့ ၁၆ မိုင်အကြား သွား လာခြင်း မပြုကြပါရန် ပန်ကြားအပ်ပါသည်”ဟု မင်းတပ်မြို့နယ် ပ.အ.ဖ က ဆိုသည်။

မင်းတပ်မြို့အနောက်ရပ်ကွက်နှင့် အနီးအနားကျေးရွာရှိပြည်သူများအနေဖြင့်လည်း တောလမ်းမှသော်လည်းကောင်း၊ ကားလမ်းမှသော် လည်း ကောင်း(၁၆) မိုင်ဘက် သွားလာခြင်းမပြုကြရန်လည်း ထပ်လောင်းသတိပေးသည်။

ပြန်လည်သွားလာရန် ဘေးကင်းသောအချိန်ကို ပ.အ.ဖ နှင့် CDF တို့မှ ပြန်လည်ကြေညာပေးမည်ဟုလည်း မင်းတပ်မြို့နယ် ပ.အ.ဖ က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းသည် ယခုလဆန်းပိုင်းကစ၍ မင်းတပ်မြို့ကို စစ်ထိုးရန် စတင်ပြင်ဆင်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားလျက်ရှိကြောင်း CDF မင်းတပ်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။