Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ် ထောက်ပို့ယာဥ်တန်း သုံးကြိမ်ဆက်တိုက်ခိုက်ခံရ၊ အသေအပျောက်များနိုင်ဟုဆို

“ကားနဲ့ စခများ အထိအခိုက် အကျအဆုံးများနိုင်ပြီး ဒဏ်ရာရတဲ့ စခတွေကိုလည်း ကားနဲ့တင်သွားကြောင်း သိရပါတယ်။ မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့​ပါတယ်”ဟု IR က ထုတ်ပြန်သည်။

(အင်းတော်မြို့နယ်အတွင်း ရိက္ခာသယ်လာသည့် စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်)

အင်းတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား သုံးနေရာခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း Indaw Revolution-IR က ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက သပိတ်ကျင်း၊ တွင်းငယ်ဘက်မှ မိုးညှင်းမြို့ဘက်သို့ တက်လာသော အစီး ၃၀ပါစစ်ကောင်စီတပ် ထောက်ပို့ယာဥ်တန်းကို အင်းတော်မြို့နယ် အင်းတော်-မဲဇာကြား(၁)နေရာ၊ အင်းတော်-မော်လူးကြား(၂)နေရာ တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

“ကားနဲ့ စခများ အထိအခိုက် အကျအဆုံးများနိုင်ပြီး ဒဏ်ရာရတဲ့ စခတွေကိုလည်း ကားနဲ့တင်သွားကြောင်း သိရပါတယ်။ မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့​ပါတယ်”ဟု IR က ထုတ်ပြန်သည်။

တိုက်ခိုက်မှုများအနက် အင်းတော်-မော်လူးကြား (၂)နေရာတွင် KIA နှင့် I.PDF ပူပေါင်းတပ်ဖွဲ့များမှ RPG အပါအဝင် အခြား​လက်နက်ကြီးများဖြင့်လည်ကောင်း၊ မိုင်း ၅ လုံးဆွဲသည့်အပြင် လက်နက်များဖြင့် ကျည်ကုန်သည့်အထိ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။