Connect with us

Hi, what are you looking for?

News

အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ် ထောက်ပို့ယာဥ်တန်း သုံးကြိမ်ဆက်တိုက်ခိုက်ခံရ၊ အသေအပျောက်များနိုင်ဟုဆို

“ကားနဲ့ စခများ အထိအခိုက် အကျအဆုံးများနိုင်ပြီး ဒဏ်ရာရတဲ့ စခတွေကိုလည်း ကားနဲ့တင်သွားကြောင်း သိရပါတယ်။ မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့​ပါတယ်”ဟု IR က ထုတ်ပြန်သည်။

(အင်းတော်မြို့နယ်အတွင်း ရိက္ခာသယ်လာသည့် စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်)

အင်းတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းအား သုံးနေရာခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း Indaw Revolution-IR က ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက သပိတ်ကျင်း၊ တွင်းငယ်ဘက်မှ မိုးညှင်းမြို့ဘက်သို့ တက်လာသော အစီး ၃၀ပါစစ်ကောင်စီတပ် ထောက်ပို့ယာဥ်တန်းကို အင်းတော်မြို့နယ် အင်းတော်-မဲဇာကြား(၁)နေရာ၊ အင်းတော်-မော်လူးကြား(၂)နေရာ တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

“ကားနဲ့ စခများ အထိအခိုက် အကျအဆုံးများနိုင်ပြီး ဒဏ်ရာရတဲ့ စခတွေကိုလည်း ကားနဲ့တင်သွားကြောင်း သိရပါတယ်။ မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့​ပါတယ်”ဟု IR က ထုတ်ပြန်သည်။

တိုက်ခိုက်မှုများအနက် အင်းတော်-မော်လူးကြား (၂)နေရာတွင် KIA နှင့် I.PDF ပူပေါင်းတပ်ဖွဲ့များမှ RPG အပါအဝင် အခြား​လက်နက်ကြီးများဖြင့်လည်ကောင်း၊ မိုင်း ၅ လုံးဆွဲသည့်အပြင် လက်နက်များဖြင့် ကျည်ကုန်သည့်အထိ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။